spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းနှစ်ဖက်ဖိအားပေးခံရမှုများကြောင့် မွန်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှုတို့ နှုတ်ထွက်သူများလာ

    နှစ်ဖက်ဖိအားပေးခံရမှုများကြောင့် မွန်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှုတို့ နှုတ်ထွက်သူများလာ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၂၀ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှုးတို့ စစ်ကောင်စီမှ စစ်မှူးထမ်းကိစ္စ ဖိအားပေးဆောင်ရွက်စေမှု ပိုမိုလုပ်ဆောင်လာစေသည့်အပြင် တော်လှန်ရေးအဖွဲတို့မှ အရေးယူ ပစ်သတ်မှု ဆက်တိုက်လုပ်ဆောင်နေခြင်းကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှုးအဖွဲ့တို့ နှုတ်ထွက် တိမ်းရှောင်နေရသူ များလာသည်ဟု သိရသည်။

    လက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့အပါအဝင် ယခင်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးတို့ပါ နှုတ်ထွက်စာတင်ထားကြသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတို့မှ သိရသည်။

    ကျိုက်ထိုမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ နှုတ်ထွက်စာတင်ထားသော်လည်း စစ်ကောင်စီမှနှုတ်ခွင့်မပြုခြင်းကြောင့် တိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီအစည်းအဝေးတို့ကိုလည်း ရုံးအကူဝန်ထမ်းတို့သာတက်ရောက်နေရသည်ဟု အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “သူတို့နှုတ်ထွက်စာတင်ထားကြပေမဲ့  နှုတ်ထွက်ခွင့်မပေးလို့လားမသိပါဘူး၊ ရပ်ကွက်မှာတော့ အုပ်ချုပ်ရေးမှူးတွေကို မတွေ့နေတာကြာပြီး၊ တိမ်းရှောင်နေတာ၊ ဟိုဘက်ကလည်းခြိမ်းခြောက် ဒီဘက်လည်း ခြိမ်းခြောက်နေတော့၊ အုပ်ကြီးလက်အောက်တွေလဲမလှုပ်ရှားရဲနေဘူး။ စစ်တပ်ကပဲသူတို့လိုချင်တဲ့သူကို ကိုယ်တိုင်လိုက် ဆင့်ခေါ်နေတာကရှိတယ် ”ဟု ၎င်းကဆက်ပြောသည်။

    ကျိုက်ထိုမြို့တွင်  စစ်ကောင်စီအဖွဲ့ဝင်နှင့်နီးစပ်သူ၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူ၊ ဘုန်းကြီး ၊ရာအိမ်မှုးနှင့် ကျိုက်ထိုတော်လှန်ရေးအင်အားစုတို့မှ မကြာခဏပစ်ခတ်ရှင်းလင်းခံနေရပြီး ၂၀၂၄ ခုနှစ် ၆ လတာကာလအတွင်း ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်းလည်း သိရသည်။

    အလားတူ တော်လှန်ရေးအင်အားကောင်းသည့် ရေးမြို့နယ်တွင် စစ်မှုထမ်းမည့်သူမရှိသည့်အပြင် အုပ်ချုပ်ရေမှုးတို့မှလည်း စစ်မှုထမ်းကိစ္စ အကောင်အထည်မဖော်နိုင်ခြင်းကြောင့် စစ်ကောင်စီမှ အုပ်ချုပ်ရေးမှုတို့ကို အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုလျှက်ရှိကြောင့် ရေးမြို့ခံတစ်ဦးက ဆိုသည်။

    "ရေးမြို့နယ်မှာဆို စစ်မှုထမ်းမဲ့သူတွေကို သိပ်မပို့နိုင်ဘူးလေ၊ ပို့နိုင်ရင်လည်း တစ်ယောက်စနှစ်ယောက်စပဲ၊ အဲလိုဖြစ်နေတော့ နောက်ပိုင်း အုပ်ချုပ်ေးရမှုးတွေ နှုတ်ထွက်တာများနေတယ်၊ ကျနော့်အထင် သူတို့(အုပ်ချုပ်ရေးမှုး) တွေလည်း အထက်ကလူတွေနဲ့ ဖိအားပေးခံရတာရှိလာလို့ဖြစ်မယ်"ဟု ဆိုသည်။

    ထိုသို့ နှစ်ဖက်စလုံးမှ ဖိအားပေးခံရမှုများကြောင့် မွန်ပြည်နယ်မြို့နယ်အသီးသီးမှ အုပ်ချုပ်ရေးမှုးတို့ နှုတ်ထွက်စာတင်လာခြင်းဖြစ်သည်။

    သို့သော် မော်လမြိုင်မြို့ပေါ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့မှ ရပ်ကွက်အလိုက်ေငွကြေးကောက်ခံပြီး စစ်မှူးထမ်းရန်အစားထိုးလူဌားခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်းနှင့်  ဝါဒဖြန့်ခြင်းတို့ကို လုပ်ဆောင်နေသည်ဟု မော်လမြိုင်မြို့ခံတို့က ဆိုသည်။

     Data for Myanmar  သုတေသနအဖွဲ့၏ အစီရင်ခံစာအရ နိုင်ငံအနှံ့တိုက်ပွဲအတွင်း အရေးနိမ့်နေသည့် စစ်ကောင်စီအဖွဲ့တို့သည် နိုင်ငံသားတိုင်းစစ်မှူးမထမ်းမနေရဥပဒေကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၁၇၂ မြို့တွင်
    အကောင်အထည် ဖော်နေကြောင်း မတ်လ ၂၂ ရက်နေ့အစီရင်ခံစာတွင် ထုတ်ပြန်ထားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks