Homeသတင်းအာဏာသိမ်း ၃ နှစ်ကာလအတွင်း စစ်ကောင်စီမှ အင်တာနက် ဖြတ်တောက်မှုအကြိမ်ပေါင်း (၃၀၀) နီးပါးပြုလုပ်ခဲ့

အာဏာသိမ်း ၃ နှစ်ကာလအတွင်း စစ်ကောင်စီမှ အင်တာနက် ဖြတ်တောက်မှုအကြိမ်ပေါင်း (၃၀၀) နီးပါးပြုလုပ်ခဲ့

-

လွပ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၈ ဇူလိုင် ၂၀၂၄။

နိုင်ငံတစ်ဝှမ်း ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ၃ နှစ်တာအတွင်း စစ်ကောင်စီမှ
အင်တာနက်ဖြတ်တောက်မှုအကြိမ်ပေါင်း ၃၀၀ နီးပါးအထိ ပြုလုပ်ခဲ့သည်ဟု  မြန်မာအင်တာနက် ပရောဂျက်အဖွဲ့မှ အစီရင်ခံစာအရ သိရသည်။

 စစ်ကောင်စီမှ အင်တာနက်ဖြတ်တောက်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက် ဖြတ်တောက်ခြင်း၊ အင်တာနက် အမြန်နှုန်းအားလျှော့ချခြင်း လူသုံးများသည့် (Social Media) ဝန်ဆောင်မှုများ၊ ဝက်ဘ်ဆိုက်များ၊ လူအသုံးများသည့် လူမှုကွန်ရက်မီဒီယာများကို ပိတ်ပင်ခြင်းနှင့် အင်တာနက် ဝက်ဘ်ဆိုက်များကို ပိတ်ပင်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

အစီရင်ခံစာအရ စစ်ကိုင်းတိုင်းဒေသကြီးသည် ၃၅. ၇၄ ရာခိုင်နှုုန်းဖြင့် အင်တာနက်ဖြတ်တောက်ခံရမှု အများဆုံးဖြစ်ပြီး မွန်ပြည်နယ်တွင်  အင်တာနက်ပြတ်တောက်မှု ၂.၈၅ ရာခိုင်နှုန်းဖြင့် တတိယအနည်းဆုံးတွင် ပါဝင်နေသည်ဟု ဖော်ပြထားသည်။

သို့သော် ယခု ၂၀၂၄ ခုနှစ်သည် မွန်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံရမှု ပိုမိုဆိုးရွားနေပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာဒေသနှင့် အနီးတစ်ဝိုက်တို့တွင် အင်တာနက်ပြတ်တောက်မှု ပိုမိုဖြစ်ပွားနေသည်ဟု သိရသည်။

“အခုဆိုရင် တိုက်ပွဲဖြစ်တဲ့ရွာနဲ့နီးနေတော့ အင်တာနက်ကမရတော့ဘူး အခုဆိုရင် ကိုယ်နေတဲ့နေရာမှာ ရတော့ရတယ် ဒါမဲ့ လိုင်းအားကတော့ မကောင်းဘူး၊ တိုက်ပွဲဖြစ်တုန်းကဆိုရင် လိုင်းကမရတော့ အလုပ်လုပ်ရတာခက်ခဲရှိတာပေါ့”  ဟု ကျိုက်မရောဒေသခံတစ်ဦးက ဆိုသည်။

၎င်းအပြင် အင်တာနက်ဆက်သွယ်ရေးစနစ်၏ အဓိကကျသည့် တာဝါတိုင် အဆောက်အအုံများ ပျက်စီးခြင်း၊ ပြုပြင်တိန်းသိမ်းရန် ခက်ခဲခြင်းတို့ကြောင့် ကာလရှည်ကြာ အင်တာနက်ပြတ်တောက်နေသည့်အခြေအနေနှင့် ပိုမိုရင်ဆိုင်နေသည်ဟု သိရသည်။

တာဝါတိုင် ဖျက်ဆီးခံရမှုသည် ၂၀၂၁ ခုနှစ်တွင် အများဆုံးဖြစ်ပေါ်ခဲ့ပြီး သုတေသနအချက်အလက်အရ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ခုနှစ်  (၃)နှစ်တာကာလအတွင်း ဖျက်ဆီးခံရသည့် တာဝါတိုင်အရေအတွက် ၃၀၅ ခုရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှု ဆိုင်ရာတို့သည် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပဋိပက္ခများပြားသည့် ဒေသများတွင် အင်တာနက်ဖြတ်တောက်မှု ပိုမိုလုပ်ဆောင်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခကြီးထွားရာဒေသများတွင် အခြေချနေထိုင်သည့် လူထုတို့အနေဖြင့် သတင်းဆက်သွယ်ရေးပြတ်တောက်မှုဆိုးကျိုးကို အခြားဒေသတို့ထက် ပိုမိုခံစားနေရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts