spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းတနင်္သာရီစစ်ရှောင်စခန်းတို့တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးမလုံလောက်နေဟုဆို

    တနင်္သာရီစစ်ရှောင်စခန်းတို့တွင် ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေပြီး ဆေးဝါးမလုံလောက်နေဟုဆို

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၈ ဇူလိုင်၂၀၂၄။

    တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် စစ်ဘေးရှောင်စခန်းတို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေပြီး စစ်ကောင်စီတပ်မှကန့်သတ် ပိတ်ပင်မှုကြောင့်ဆေးဝါးမလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု စစ်ဘေးရှောင်ကူညီကယ်ဆယ်သူတို့မှ သိရသည်။

    အဆိုပါစစ်ရှောင်စခန်းတို့တွင် မေလကုန်ပိုင်းမှစ၍ ဝမ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၃၀၀ ဝန်းကျင်တွင် တစ်ဝက်ခန့် ရောဂါဖြစ်ပွားလျှက်ရှိပြီး ယခုဇူလိုင်လအတွင်း ရောဂါဖြစ်ပွားမှုနှုန်း အနည်းငယ်လျော့ကျလာသည်ဟု သိရသည်။

     ဆေးဝါးတင်သွင်းခွင့် ကန့်သတ်ထားခြင်းကြောင့်  ယခင်စုဆောင်းထားသည့်ဆေးဝါးများဖြင့် ကုသနေရပြီး၊ ဝမ်းပျက် ဝမ်းလျှောရောဂါအတွက် ပိုးသတ်ဆေးလုံလောက်စွာ အသုံးမပြုနိုင်သည့်အပြင်ဓာတ်ဆားနှင့် သောက်ဆေးတို့ဖြင့် ကုသနေရသည့်အခြေအနေတွင် ရှိနေသည်ဟု နွေဦးမေတ္တာစစ်ရှောင် ကူညီကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ရှိသူအမျိုးသမီးတစ်ဦးကပြောသည်။

    “ဖြစ်နေတာ ၂ လ လောက်ရှိနေပြီးဆိုတော့ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ပိုးသတ်ဆေးပေးရတော့ ရွာတွေထဲက ဆိုင်ကြီးတွေမှာလိုက်ရှာ၊ လိုက်စုရတယ်၊ ပိုးသတ်ဆေးနှစ်ကြိမ်ပေးရတဲ့ အနေအထားမှာ တစ်ကြိမ်ပဲပေးနိုင်တယ်။ အာဟာရဓာတ်ဆားတွေနဲ့ ဖိထားရတဲ့ အနေအထားပေါ့၊ ရွာမှာ ၁၀၀ ရှိရင်
    အိမ်ခြေတစ်ဝက်လောက်ဖြစ်တယ်၊ အိမ်သားတွေကဖြစ်ရင် သူတို့မပေါ့ရအောင် ဆေးတွေလာယူခိုင်း အသိပေးတာတွေ လုပ်ရတယ် ”ဟု ၎င်းကဆိုသည်။

    တနင်္သာရီစစ်ဘေးရှောင်တို့သည့် ဝမ်းပျက်ဝမ်းလျှောအပြင် ရာသီတုပ်ကွေးဖြစ်ပွားလျှက်ရှိပြီး ယခင်နှစ်တို့ထက် ရောဂါဖြစ်ပွားမှု ပိုများခြင်းကြောင့်  volunteer ဆရာ/ဆရာမများ လိုအပ်လျှက်ရှိနေသည်ဟု နွေဦးမေတ္တာကျန်းမာရေးစောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

    “ဆရာမတွေကရှိတော့ရှိတယ်အလုံလောက်တော့မဟုတ်ဘူး၊ သူ့နေရာနဲ့သူပေါ့၊ ၊ယာယီစစ်ရှောင်နဲ့ ရွာသားတွေ ဆေးလာဝယ်ကြတယ်ပေါ့နော်၊ဒါမဲ့ဆရာမတို့မှာဆေးဝါးမရှိနေတဲ့အနေအထားလေ နည်းနည်းချင်းခွဲဝေး
    ပေးထားရတာပေါ့  ” ဟုဆိုသည်။

    စစ်ရှောင်စခန်းတို့တွင် လက်ကျန်စုစည်းထားသည့်ဆေးဝါးများနှင့်သာ ရွာသားများနှင့်စစ်ရှောင်သူတို့ကို ဆေးကုနေရခြင်းကြောင့် ဆေးပုလင်းကြီးသွင်းရသည့်လူနာနှင့် အရေးပေါ်လူနာတို့အတွက် စိုးရိမ်ဖွယ်ဖြစ်ရသည်ဟု ၎င်းအမျိုးသမီးက ဆက်ပြောသည်။

    အထွေထွေကုန်ပစ္စည်းသယ်ယူခွင့်ကန့်သတ်ထားခြင်းကြောင့် စစ်ရှောင်စခန်းတို့တွင်စားနပ်ရိက္ခာအပြင် အမိုးအကာ၊ ခြင်တောင်နှင့် နေ့စဉ်အသုံးအဆောင်တို့ကို အရေးပေါ်လိုအပ်လျှက်ရှိကြောင်းသိရသည်။

    ထားဝယ်၊ သရက်ချောင်း၊ ရေဖြူ၊ ပုလောနှင့်တနင်္သာရီမြို့နယ်တို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်း တိုက်ပွဲအခြေအနေကြောင့် နေရပ်စွန့်ခွာလာသည့်စစ်ရှောင်ဦးရေ ၅၁၀၀၀ အထိရှိလာသည်ဟု Fe 5 Tanintharyiမှ
    တာဝန်ရှိသူတစ်ဦးက ပြောသည်။

    စစ်ဘေးရှောင်စခန်းတို့အပြင် ထားဝယ်မြို့နယ်ရှိ ကျေးရွာများနှင့် မြို့ပေါ်ဆေးရုံးများတွင် ကလေးသူငယ်များနှင့်လူငယ်များအကြား ဝမ်းပျက်၊ ဝမ်းလျှောရောဂါပိုမိုဖြစ်ပွားနေကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks