spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းငွေသားထုတ်ခွင့် ပြန်လည်ဖြေလျှော့လာသော်လည်း Kpay နှင့် Wavepay ငွေလွှဲဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်နေရဆဲ

    ငွေသားထုတ်ခွင့် ပြန်လည်ဖြေလျှော့လာသော်လည်း Kpay နှင့် Wavepay ငွေလွှဲဝန်ဆောင်ခ ၁၀ ရာခိုင်နှုန်းအထိ ပေးဆောင်နေရဆဲ

    -

    လွပ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၈ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်အတွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် စစ်ကောင်စီလက်အောက်ခံဘဏ်တို့တွင် ငွေသားထုတ်ခွင့် အကြောင်းမဲ့ကန့်သတ်လိုက်သည့်နောက် Kpay နှင့် Wavepay ကိုယ်စားလှယ်ဆိုင်တို့တွင် ငွေသားထုတ်ယူသူများလာပြီး ဝန်ဆောင်ခ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း အထိမြင့်တက်လာ‌သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ဇူလိုင်လ ၁၅ ရက်နေ့မှစ၍ ပုဂ္ဂလိကဘဏ်မှ ငွေသားထုတ်ယူမှု  ပြန်လည်ဖြေလျှော့လာသော်လည်း Kpay နှင့် Wavepay ကိုယ်စားလှယ်ဆိုင်အချို့မှ ကျပ်ငွေ ၁ သိန်းလျှင် ငွေလွှဲဝန်ဆောင်ခ  ကျပ် ၅၀၀၀ မှ ၁၀၀၀၀ ဝန်းကျင်အထိ ဝန်ဆောင်ခပေးဆောင်နေရဆဲဖြစ်သည်ဟု သိရသည်။

    “တစ်ချို့ဆိုင်တွေဆို တစ်သိန်းကို ၁ သောင်း၊ တစ်ချို့က တစ်သိန်းကို ၈ ထောင်၊ တစ်ဆိုင်နဲ့တစ်ဆိုင် မတူဘူးပေါ့လေ၊ ကျွန်တော်တို့ရွာကဆိုင်တွေ မထုတ်ပေးဘူးဆိုတော့။ တစ်ခြားရွာမှာသွားထုတ်ရတယ်။ ရွာဝေးရင် ဝေးသလို ပေးရတယ်။ ဆိုင်တွေက လုပ်စား၊ ရိုက်စားတာ အဲ့လိုပေါ့ ” ဟု ချောင်းဆုံမြို့နယ်မှ ငွေထုတ်ယူသူတစ်ဦးက ဆိုသည်။

    ပြည်တွင်း ပုဂ္ဂလိကဘဏ် ၇ ခုကို စစ်ကောင်စီက အရေးယူမည်ဟု ထုတ်ပြန်ထားသည့်နောက် ဘဏ်ငွေထုတ်ယူသူများပြားလာကာ ဘဏ်မှ ငွေထုတ်ပေးမှုကို ကန့်သတ်လာသည်ဟု လုပ်ငန်းရှင်တို့ ပြောဆိုလျှက်ရှိသည်။

    ငွေထုတ်ယူမှု ကန့်သတ်လာခြင်းကြောင့် Kpay နှင့် Wavepay ကိုယ်စားလှယ်ဆိုင်တို့တွင် ဝန်ဆောင်ခအမြောက်အများပေးဆောင်ရသည့်အပြင် အချို့ကိုယ်စားလှယ်ဆိုင်တို့တွင်လည်း ငွေသွင်း၊ ငွေထုတ်ဝန်ဆောင်မှုလုပ်ငန်းယာယီရပ်နားထားသည်ဟု သိရသည်။

    “အစ်မတို့ဆီမှာတော့ ထုတ်ပေးနိုင်ရင် ထုတ်ပေးတယ်။ မထုတ်ပေးနိုင်ရင် မထုတ်ပေးဘူး။ဈေးတော့ပိုမယူဘူး။ ယူမယူရဲဘူးလေ ကိုယ်ဒုက္ခဖြစ်သလို သူတို့လည်းဒုက္ခဖြစ်တယ်လေ။အစ်မတို့ဆီမှာတော့ လတ်တလော ခဏနားထားတယ်။ ဆိုင်အများစုက ယာယီနားလိုက်တာများတယ်။နားတယ်ဆိုတာကလည်း အပြီးအပိုင် နားလိုက်တာတော့မဟုတ်ပါဘူး။ အလုပ်ကလည်း ဒါတွေနဲ့ပဲလည်ပတ်နေတော့ နားလိုက်လုပ်လိုက်ပေါ့လေ” ငွေလွှဲကိုယ်စားလှယ်တစ်ဦးက  ဆိုသည်။

    ပုဂ္ဂလိကဘဏ်မှ ငွေသားထုတ်ယူမှုကို ကန့်သန့်မထားကြောင့် စစ်ကောင်စီဗဟိုဘဏ်မှ ဇူလိုင် ၁၁ ရက်နေ့တွင် သတင်းစာမှတစ်ဆင့်ပြောဆိုထားသော်လည်း ရေးမြို့နယ်တွင် ယနေ့ ဇူလိုင် ၁၇ ရက်နေ့အထိ လူပုဂ္ဂိုလ်တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုုန်းသာ ထုတ်ပေးနေသည်ဟုလည်း သိရသည်။

    ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က ဗဟိုဘဏ်၏ သတ်မှတ်ချက်ကိုကျော်လွန်ပြီး အိမ်ရာချေးငွေထုတ်ချေးထားသည့် ရိုးမဘဏ်၊ အမရာဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်
    စသည့် ပြည်တွင်းဘဏ် ၇ ခုကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးခဲ့သည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အစပိုင်းကလည်း ဘဏ်အများစုတို့တွင် ငွေကို အကန့်အသတ်ဖြင့် ထုတ်ခွင့်ရခဲ့သည့်အပြင် Kpay နှင့် Wavepay ကိုယ်စားလှယ်ဆိုင်တို့တွင်လည်း ငွေထုတ်ခ ၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts