spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထောင်တာဝန်ရှိသူတို့ကို အပြောင်းအလဲပြုလုပ်ထားသည့်နောက် ကျိုက်မရောနိုင်ငံရေးအကျဉ်းသားတို့ ပိုမိုဖိနှိပ်ခံနေရ

    ထောင်တာဝန်ရှိသူတို့ကို အပြောင်းအလဲပြုလုပ်ထားသည့်နောက် ကျိုက်မရောနိုင်ငံရေးအကျဉ်းသားတို့ ပိုမိုဖိနှိပ်ခံနေရ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၇ ဇူလိုင် ၂၀၂၄။

    ကျိုက်မရောအကျဉ်းထောင်တွင် ထောင်ပိုင်နှင့်ထောင်တာဝန်ရှိသူတို့ကိုအပြောင်းအလဲပြုလုပ်ထားသည့်နောက်
    နိုင်ငံရေးအကျဉ်းသားတို့ ဖိနှိပ်ခံရမှု ဆက်တိုက်ရှိလာသည်ဟု  မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှတစ်ဆင့်သိရသည်။

    ပြီးခဲ့သည့် ဇွန်လ(၁၅) ရက်နေ့တွင် ကျိုက်မရောအကျဉ်းထောင်မှ အကျဉ်းသား ၁၆၀ ဦးကို ဒိုက်ဦးအကျဉ်းထောင်နှင့်သာယာဝတီအကျဉ်းထောင်သို့ပြောင်းရွေ့ထားသည့်နောက် ကျိုက်မရောထောင်ပိုင်အဖြစ် ချမ်းအေးကျော်၊ ထောင်ပိုင်လေးဖြစ် ကျော်ကျော်ဦး၊ဦးစီးမှုးအဖြစ် ကျော်ဇင်အောင်တို့ကို ပြောင်းလဲခန့်ထားသည်ဟု သိရသည်။

    အဆိုပါ တာဝန်ရှိသူတို့သည် နိုင်ငံရေးအကျဉ်းသားအပေါ် ဖိနှိပ်ခြင်းနှင့်လာဘ်စားရာတွင် နာမည်ကြီးသည့်အထက်အရာရှိ များဖြစ်ကြသဖြင့် လက်ရှိ ကျိုက်မရောအကျဉ်းထောင်ရှိ နိုင်င်ငံရေးအကျဉ်းသားတို့၏အခြေအနေ ဆိုးရွားလျက်ရှိကြောင်း (PPNM) ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက လွပ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    “အကျဉ်းသားတွေကို စနစ်တကျအုပ်ချုပ်ဖို့စီမံချက်တစ်ခုအနေနဲ့ လေးလလောက်ကို ဖိနှိပ်ဖို့ညွန်းကြားချက်တွေရှိတယ်လို့ကျွန်တော်တို့သိထားတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ထောင်အာဏာပိုင်တွေမှာလည်း အကျဉ်းသားတွေကို ဖိနှိပ်တာသမိုင်းရှိခဲ့ဖူးထောင်အာဏာပိုင်တွေကိုပဲ
    ခန့်ပြီးတော့ ကျိုက်မရောအကျဉ်းထောင်မှာ အုပ်ချုပ်ခိုင်းတယ်၊ နိုင်ကျဉ်းတွေရဲ့လက်ရှိအခြေနေကတော့ အစားသောက်ဆိုရင်လည်း လွယ်လွယ်ကူကူမရနေဘူး ကန့်သတ်ချက်များလာတယ် ပြောရရင်တော့ နိုင်ကျဉ်းတွေရဲ့အခြေနေက ဆိုးဝါးနေတယ်လို့ ပြောချင်ပါတယ် ” ဟုဆိုသည်။

    ဇွန်လ(၂၅) ရက်နေ့ ညနေပိုင်းတွင်လည်း  ဦးစီးမှုးကျော်ဇင်အောင်ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသား(၅) ဦးကို ရိုက်နှက်တိုက်ပိတ်ထားပြီး ထောင်ဝင်စာဧည့်တွေ့ခွင့်နှင့် ပါဆယ်ပို့ခွင့်ပိတ်ပင်ထားသည့်အပြင် ထောင်တွင်းပုဒ်မများစွာဖြင့် အမှုရင်ဆိုင်နေရသည်ဟု( PPNM) ကထုတ်ပြန်ထားသည်။

    စစ်ကောင်စီမှ ပြည်သူတို့ကို အကြမ်းဖက်ပုဒ်မဖြင့် ဖမ်းဆီးထောင်ချမှု များလာသည်နှင့်အမျှေ ထာင်အာဏာပိုင်တို့မှ နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှု ပိုမိုများလာသည်ဟုလည်း
    ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

    “စစ်ကောင်စီကိုကန့်ကွက်တဲ့သူတွေကို စနစ်တကျနဲ့ဖိနှိပ်နေတာလို့ကျွန်တော်တို့ ယူဆတယ်။ ဒီလိုလူတွေကို ဒီလိုမျိုးမဖိနှိပ်ထားဘူးဆိုရင် အရင်လိုနိုင်ငံရေးပုဒ်မ ၅၀၅ က နည်းလာတယ်။  လက်ရှိထောင်ထဲမှာက လက်နက်စွဲကိုင်တဲ့ ပုဒ်မနဲ့ ရာက်လာကြတဲ့အတွက် ဒီလူတွေကို
    ကောင်းကောင်းမထိန်းထားနိုင်ဘူးဆိုရင်အန္တရယ်များတယ်လို့ ရှုထောင့်တစ်ခုကနေသူတို့ဖိနှိပ်နေ တယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်။” ဟုဆိုသည်။

    လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်း၊ အကျဉ်းသားတို့၏ ရပိုင်ခွင့်နှင့်အညီ ခံစားခွင့်မရှိခြင်း၊ တရားလက်လွန်ခေါ်ယူစစ်ဆေးဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခံနေရခြင်းကြောင့် ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတို့ အစာငတ်ခံဆန္ဒပြမှု မကြာခဏ လုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    ကျိုက်မရောအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအပါဝင်အကျဉ်းသား၁၄၀၀ ကျော်ရှိပြီး နိုင်ငံထောင်အာဏာပိုင်တို့၏ရိုက်နှက်မှုနှင့် အလုပ်အလွန်အကျွန်စေခိုင်းမှုတို့ကြောင့် အသက်ဆုံးရှံးသူတို့ ရှိနေသည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks