spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီနှင့်နီးစပ်သည့် အမျိုးသမီးတို့ စစ်မှုထမ်းဆောင်ရန်စည်းရုံးခံနေရပြီး စာရင်းပေးသွင်းထားသူတို့ကို စစ်ရေးစတင်လေ့ကျင့်ပေးနေ

    စစ်ကောင်စီနှင့်နီးစပ်သည့် အမျိုးသမီးတို့ စစ်မှုထမ်းဆောင်ရန်စည်းရုံးခံနေရပြီး စာရင်းပေးသွင်းထားသူတို့ကို စစ်ရေးစတင်လေ့ကျင့်ပေးနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ၁၇ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် စစ်ကောင်စီနှင့်နီးစပ်သည့် အမျိုးသမီးတို့ စစ်မှုထမ်းဆောင်ရန် စည်းရုံးခံနေရပြီး စာရင်းပေးသွင်းထားသူတို့ စစ်သင်တန်းကျောင်းတို့တွင် စတင်လေ့ကျင့်ပေးနေသည်ဟု သိရသည်။

    မော်လမြိုင်မြို့မှ မိမိသဘောဆန္ဒအလျောက် စစ်မှုထမ်းရန်စာရင်းပေးထားသည့် အမျိုးသမီးတို့ရှိနေပြီး လက်ရှိတွင် မော်လမြိုင်တက္ကသိုလ်အရှေ့ စစ်သင်တန်းကျောင်းတွင်  အမျိုးသမီး ၆ ဦးထက်မနည်းကို စစ်ရေးစတင်လေ့ကျင့်ပေးနေသည်ဟု သိရသည်။

    စစ်သင်တန်းတက်ရောက်မည့် အမျိုးသမီးတို့ကို  ထိုက်သင့်သည့်ရာထူးပေးမည့်အပြင် တစ်ရက်လျှင်ငွေ ၈၀၀၀ ကျပ်နှုန်းနှင့် အကျိုးခံစားခွင့်ပြုမည်ဟု ပြောဆိုစည်းရုံထားသည်ဟု မော်လမြိုင်မြို့ခံတစ်ဦးက ဆိုသည်။

    “အဓိက ကတော့သူတို့ပြသချင်တာပေ့ါ၊ အဲ့လိုမက်လုံးပေးပြီးတော့ လစာလည်းရတဲ့အခါကျတော့၊ အခုက မော်လမြိုင်တက္ကသိုလ်ဘက်က စစ်သင်တန်းကျောင်းမှာ အမျိုးသမီးတွေကို သင်တန်းပေးနေတာရှိတယ်။ သူတို့ အသိုင်းအဝိုင်းလူပါပဲ။ ဘယ်ကိုပို့မလဲဆိုတာကမသိသေးဘူး၊ ဘိုကုန်းရပ်ကွက်က တစ်ယောက်ပါတယ်။ အစိုးရအဖွဲ့တွေလာရင်ဟန်ပြဝါဒဖြန့် လုပ်ရုံလောက်ပါပဲ အိမ်တိုင်းကိုစာရင်း လိုက်ကောက်တဲ့ပုံစံမျိုး မဟုတ်ဘူး" ဟု ၎င်းက ဆိုသည်။

    ၎င်းအပြင် ကျိုက်ထိုမြို့နယ်တွင်လည်း ဌာနဆိုင်ရာ သက်ပြည့်အမျိုးသမီးဝန်ထမ်းများကို စစ်သင်တန်းခေါ်ယူရန်ရှိကြောင်းနှင့် အဓိကအားဖြင့် Non CDM တို့ကိုခေါ်ယူရန်ရှိသည်ဟုလည်း ကျိုက်ထိုမြို့မှ စစ်ကောင်စီဌာနဆိုင်ရာအဖွဲ့နှင့်နီးစပ်သူတစ်ဦးက ဆိုသည်။

    “အဓိကတော့ Non CDMတွေနဲ့ဌာနဆိုင်ရာ အမျိုးသမီးတွေနဲ့စိတ်ပါဝင်စားသူတွေကို သူတို့ခေါ်ဖို့ရှိမယ်၊ စစ်သင်တန်းပေးဖို့ကရှိတယ်။ စိတ်ပါဝင်စားပြီးစာရင်းပေးထားတဲ့သူတွေကမကြားသေးဘူး၊”ဟု ၎င်းကဆက်ပြောသည်။

     အထူးသဖြင့်  ထွေအုပ်ရုံးဝန်ထမ်းများ၊ လဝကများ၊ ပျူစောထီးများအပြင် စည်ပင်ဌာနမှ အမျိုးသမီးတို့ကို စည်းရုံးလှုံ့ဆော်လျှက်ရှိသည်ဟု သိရသည်။

    လက်ရှိမော်လမြိုင်မြို့ပေါ်တွင် စစ်သင်တန်းပေးထားသည့် အမျိုးသား၊ အမျိုးသမီးများကို စစ်ယူနီဖောင်ဖြင့် ညဘက်အချိန်တွင် ကင်းလှည့်စစ်ဆေးခြင်းတို့ လုပ်ဆောင်နေသည်ဟု မြို့တွင်သတင်းအရင်းအမြစ်တို့မှ သိရသည်။

    လာမည့် စစ်မှူးထမ်းအပတ်စဉ် ၅ တွင် အမျိုးသမီးများပါဝင်တက်ရောက်ရမည်ဖြစ်သောကြောင့် စစ်ကောင်စီ လက်အောက်ခံတာဝန်ရှိသူတို့က Non-CDM အမျိုးသမီးဝန်ထမ်းတို့အပြင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့်အမျိုးသမီးများ စည်းရုံးခံနေရသည်ဟု သိရသည်။

    အမျိုးသမီးစစ်မှုထမ်း အပတ်စဉ်နီးကပ်လာသည်နှင့်အမျှ လွတ်မြောက်နယ်မြေအတွင်း လာရောက်တိမ်းရှောင်ကြသည့် မွန်ပြည်နယ်မှ အမျိုးသမီးတို့ ရာဂဏန်းအထိရှိလာသည်ဟုလည်း စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လိုသူတို့ကို လက်ခံနေသည့် MSRF အဖွဲ့ တာဝန်ရှိသူတို့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks