Homeသတင်းရေး-သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီအဖွဲ့တို့ တိုက်ခိုက်ခံရ

ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် စစ်ကောင်စီအဖွဲ့တို့ တိုက်ခိုက်ခံရ

-

လွတ်လွပ်သောမွန်သတင်းအေဂျင်စီ၊ ၁၇ ဇူလိုင် ၂၀၂၄။

ရေး-သံဖြူဇရပ်လမ်းပိုင်း၊ မော့ကနင်ကျေးရွာအနီးရှိ ကွမ်းကျိုက်ကျေးရွာလမ်း၊ အမှတ် (၈) လမ်းမကြီးတွင် နယ်မြေရှင်းရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို မွန်ပြည်သစ်ပါတီ(AD)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် အဆိုပါလမ်းပိုင်းတွင် နယ်မြေရှင်းလင်းရန် ရောက်ရှိနေသည့် စစ်ကောင်စီအဖွဲ့တို့ကို စတင်တိုက်ခိုက်ခဲ့ရာ နံနက် ၉နာရီ ၂၀ မိနစ်ခန့်တွင် ပစ်ခတ်မှုရပ်စဲခဲ့သည်ဟု သိရသည်။

“ပူးပေါင်းတပ်ဖွဲ့တွေကဘဲ တိုက်ခိုက်ခဲ့တယ်၊ စကစဘက်ကပြန်မထွက်ခဲ့ဘူး၊ ပြန်မပစ်နိုင်ခဲ့ဘူး” ဟု မော့ကနင် ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ ထိခိုက်သေဆုံးမှု အခြေအနေကို IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

 စစ်ကောင်စီအဖွဲ့တို့ တိုက်ခိုက်ခံရမှုကြောင့်  နေရာမှပြန်လည်ဆုတ်ခွာခဲ့ပြီး မွန်ပြည်သစ်ပါတီ AD နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့မှ လမ်းကြောင်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လုပ်ခဲ့သည်။

“သူတို့ စစ်ဆေးတာက စကစအသွားအလာအခြေအနေကြောင့်စစ်ဆေးတာ ပိုက်ဆံယူတာ ပိုက်ဆံတောင်းတာခြိမ်းခြောက်တာတို့ မလုပ်ပါဘူး”ဟု မော့ကနင် ဒေသခံတစ်ဦးက ပြောသည်။

ယခုဇူလိုင်လအတွင်း တော်လှန်ရေးပူးပေါင်တပ်ဖွဲ့တို့ ရေး-သံဖြူဇရပ်လမ်းပိုင်းတွင် တိုက်ပွဲအရှိုန်မြင့်တင်လျှက်ရှိပြီး အဆိုပါမော့ကနင်ရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ရေးမြို့နယ်တွင် စစ်ကောင်စီအဖွဲ့တို့ စစ်မှုထမ်းသင်တန်းဆင်းတပ်သားတို့နှင့် အင်အားဖြည့်တင်းထားသည့်နောက် နယ်မြေရှင်းလင်းရေးမကြာခဏလုပ်ဆောင်လျှက်ရှိပြီး ရေး-သံဖြူဇရပ်လမ်းပိုင်းတွင်လည်း ပုန်းခိုနေရာယူလျှက်ရှိသည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts