spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

    သံဖြူဇရပ်မြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၁၆ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ စခန်းကြီးကျေးရွာအနီးတွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်တို့က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ဝယ်သော်ကျေးရွာဘက်မှ စခန်းကြီးကျေးရွာဘက်သို့ ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦးကို ကင်းပုန်းဝတ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ဆိုင်ကယ်စီးလာတဲ့ အမျိုးသားနှစ်ဦးက ဝယ်သော်ရွာဘက်ကလို့ သိရတယ်။ သူတို့ကို ကင်းပုန်းဝတ်နေတဲ့ စစ်သားတွေက ပစ်ခတ်လိုက်တာပါ။ နှစ်ဦးစလုံး အခင်းဖြစ်တဲ့နေရာမှာဘဲ သေဆုံးသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

    သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို ညပိုင်းမှသာ ဒေသခံတို့မှ သွားရောက်ကောက်ယူခဲ့ကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

    စစ်တပ်ထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များတွင် ဇူလိုင်လ ၁၅ ရက်နေ့က စခန်းကြီးကျေးရွာအနီးတွင် နယ်မြေရှင်းလင်းနေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် PDF နှစ်ဦးသေဆုံးပြီး လက်နက်တစ်လက်နှင့် ကျည်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဝါဒဖြန့်ရေးသားထားသည်။

    စစ်ကောင်စီတပ် ပစ်သတ်ခဲ့သည့် အမျိုးသားနှစ်ဦးသည် မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးကြောင်း PDF ဟုတ်၊ မဟုတ်ကိုလည်း အတည်မပြုနိုင်ကြောင်းလည်း ဒေသခံတို့က ပြောသည်။

    တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မော်လမြိုင် – မုဒုံ – သံဖြူဇရပ် – ရေး – ထားဝယ် – မြိတ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ဇွန်လဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေရာအနှံ့ ကင်းပုန်းချခြင်းများ လုပ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks