spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူနယ်စပ်ဂိတ်တွင် ကုန်တင်ယာဉ်တို့ကို ညဘက်ဖြတ်သန်းသွားလာခွင့်ပြုနေ

    ဘုရားသုံးဆူနယ်စပ်ဂိတ်တွင် ကုန်တင်ယာဉ်တို့ကို ညဘက်ဖြတ်သန်းသွားလာခွင့်ပြုနေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၁၆ ဇူလိုင် ၂၀၂၄။

    ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ရှိ နယ်စပ်ဂိတ်ကို ယာယီ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသော်လည်း ဇူလိုင်လဆန်းရက်မှစ၍ ညဘက်တွင် ကုန်တင်ယာဉ် ၁၂ ဘီးကားတို့ကို ဖြတ်သန်းသွားခွင့်ပြု‌နေသည်ဟု သိရသည်။

    လက်ရှိ ဖြတ်သန်းသွားလာမှုသည် နှစ်ဖက်နိုင်ငံမှ တရားဝင်ထုတ်ပြန် ခွင့်ပြုထားခြင်းမဟုတ်ဘဲ ဘုရားသုံးဆူဒေသရှိ DKBA လက်နက်ကိုင်အဖွဲ့နှင့် ထိုင်းအဏာပိုင်တို့ကြား ညှိုနှိုင်းမှုပြုလုပ်ကာ သတ်မှတ်ထာ‌းသည့် အခွန်ပမာဏအတိုင်း ပေးဆောင်ပြီး သွားလာခွင့်ပြုနေသည်ဟု သိရသည်။

    “ဒီမြန်မာဘက်မှာတော့ ကရင်လက်နက်ကိုင်တပ်ဖွဲ့ DKBA ကို ၁၂ ဘီးကားတစ်စီးဆို ၂၅၅၀၀ ဘတ်၊ ဒါတင်မကဘူး PDF ဂိတ်မှာ တစ်စီးလျှင် ၂၂၀၀ ဘတ်၊ နောက်ပြီး ကျုံထော PDF ဂိပ်မှာလည်း တစ်စီးကို ၅၅၀၀ ဘတ် ပေးဆောင်ရတယ်” ဟု ဘုရားသုံးဆူဒေသခံတစ်ဦးက ဆိုသည်။

    ဂိတ်ကြေး အဆမတန် ပေးဆောင်ရခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့မှု ရေရှည်ဆက်လက်လည်ပတ်နိုင်ရန် ခက်ခဲနေသည်ဟုလည်း သိရသည်။

    ၎င်းအပြင် (Vigo)ကားဖြင့် ကုန်ပစ္စည်းတင်ဆောင်နေသူတို့သည့် ဂိတ်ပိတ်ထားစဉ်ကာလအတွင် DKBA အဖွဲ့တို့နှင့် အချိတ်အဆက်ရယူကာ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဖြတ်သန်းသွားလာလျှက်ရှိသည်ဟု သိရသည်။

    သို့သော်  ဘုရားသုံးဆူနယ်စပ်ဂိတ်မှ ထိုင်းဘက်သို့ ခရီးသွားလာနေရသူ၊ စက်ရုံ အလုပ်ရုံအလုပ်သမားနှင့် ထိုင်းကျောင်းအကြိုအပို့ယာဉ်တို့ကိုလည်း မနက် ၆ နာရီမှ ၉ နာရီကြား၊ ညနေပိုင်းတွင် ၄ နာရီမှ ၉ နာရီကြားသာ ဖြတ်သန်းသွားလာခွင့် ကန့်သတ်ထားဆဲဖြစ်သည်ဟု သိရသည်။

    ဒါ့အပြင် နှစ်ဖက်နိုင်ငံမှ တင်ဆောင်လာသည့် ကုန်ပစ္စည်းတို့ကိုလည်း တစ်ဦးတစ်ယောက်စာသာ တင်သွင်းခွင့်ပြုနေသည်ဟု သိရသည်။

    "အစားအသောက်တွေ ကန့်သန့်ထားတယ်၊ ဥပမာ- လူတစ်ယောက်ဆို ဆီတစ်ဖာနှင့်အခြားအစားအသောက်အနည်းသာ တင်သွင်းလို့ရမယ်၊ အိမ်တစ်အိမ်မှာ လူငါယောက်ဆို ငါယောက်စာရတာပေါ့” ဟု နယ်စပ်ဂိတ်အနီး နေထိုင်သူတစ်ဦးက ဆိုသည်။

    အဆိုပါ ဘုရားသုံးဆူမြို့နယ်စပ်ဂိတ်ကို ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၁၀ ရက်ပိတ်ထားရန် မြန်မာအာဏာပိုင်တို့မှ ပြောဆိုထားကြောင်း ထိုင်းနိုင်ငံ စံခလဘူရီ အကောက်အခွန်အကြီးအကဲမှ ထိုင်းသတင်းတွင် ပြောဆိုထားသည်ဟု သိရသည်။

    လာမည့် ဇူလိုင် ၁၉ ရက်နေ့တွင် စံခလပူရီအခြေစိုက် ထိုင်းအာဏာပိုင်အဖွဲ့နှင့် မြန်မာအာဏာပိုင်တို့ကြား ဘုရားသုံးဆူဂိတ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်းသွားရန် ရှိသည်ဟုလည်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks