spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းနှစ်စဉ်ရေဘေးဒုက္ခရင်ဆိုင်နေရသည့် မွန်ပြည်နယ်တွင်ရေးဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ အလုံအလောက်မရှိနေ

    နှစ်စဉ်ရေဘေးဒုက္ခရင်ဆိုင်နေရသည့် မွန်ပြည်နယ်တွင်ရေးဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ အလုံအလောက်မရှိနေ

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ဇူလိုင်လ ၉၊ ၂၀၂၄။

    မွန်ပြည်နယ်အတွင်း မိုးရာသီကာလတွင် နှစ်စဉ် ရေကြီးရေလျှံမှုဖြစ်ပွားလေ့ရှိပြီး ရေဘေးအတွက် လုပ်ငန်းကြိုတင်ပြင်ဆင်ရာတွင် မြို့နယ်အားလုံးနီးပါး ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်း အလုံလောက်မရှိနေဟု ကူညီကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

    နှစ်စဉ် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေ၊ချောင်းရေလျှံပြီး ရေကြီးမှုဖြစ်ပွားလေ့ရှိသဖြင့် လိုအပ်သည့် ရေဘေးကယ်ဆယ်ရေး သင်တန်းပို့ချပေးသော်လည်း အသက်ကယ်အင်္ကျီ၊ လှေနှင့် ရေဘေးကယ်ဆယ်ရေး ပစ္စည်းများ လုံလောက်စွာမရှိနေကြောင်း ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ရေတအားကြီးရင်တော့လှေနဲ့သွားကယ်ဖို့က လှေအဓိကလိုအပ်နေတယ်ပေါ့၊ ကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေတာ အများကြီးပေါ့နော်။ ကျတော်တို့အတွက်က သွားလာလို့ရပေမဲ့ လူတွေကိုကယ်လာဖို့ကအများကြီး ခက်ခဲ နေတယ်။ ဌာနဆိုင်ရာထံ တောင်းဆိုထားတယ်။ နှစ်တိုင်းဖြစ်နေပေမဲ့ ပြင်ဆင်ထားဖို့က အသက်ကယ် အင်္ကျီက အစဝယ်စုထားရတာရှိတယ်။ သူများလှူထားတာရယ်။ ပစ္စည်းတွေလိုအပ်နေတာ အများ ကြီးပေါ့နော် ”ဟု ရေးမြို့နယ်မှကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

     လှေနှင့် အခြားရေဘေးကယ်ဆယ်ရေးပိုင်းဆိုင်ရာပစ္စည်းတို့ လိုအပ်နေခြင်းကြောင့် အရေးပေါ်အခြေအနေတု့ိတွင် မီးသတ်အဖွဲ့တို့နှင့် ပူးပေါင်းကာ ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေရသည်ဟု ဆိုသည်။

    မွန်ပြည်နယ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိသဖြင့် ကယ်ဆယ်ရေးအသင်းများက ရေဘေး အရေပေါ်ကူညီကယ်ဆယ်နိုင်ရန် လူအင်အားနှင့် ကယ်ဆယ်ရေးပစ္စည်းတို့ကို အသင့်ပြင်ဆင်ထားသည့်အပြင်ကြိုတင်ကာကွယ်ရေးဆိုင်ရာ သင်တန်းပို့ချခြင်းတို့ကို လုပ်ဆောင်နေကြောင်း မော်လမြိုင်မြို့မှ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “သီရိမြိုင်ဘက်ခြမ်း၊ ဇေယျာသီရိဘက်တို့ဆို ရေမြှုပ်တဲ့အိမ်တွေရှိတယ်။ တစ်ချို့မြေနိမ့်ပိုင်းနေရာမှာ ပုံမှန်နှစ်တွေတောင်မှရေပတ်နေတာပဲ၊ မိုးကြီးတာဆိုရင် ဆိုးဆိုးဝါးဝါး ဖြစ်ပြီးနော်၊ မြို့ပေါ်ကကျသူတို့ပြင်ဆင်တဲ့ အပိုင်းလေးတွေနဲ့သင်တန်းခေါ်ယူတာကရှိတယ်။ နယ်ဘက်ကျတော့မသိဘူး ”ဟု ၎င်းကပြောသည်။

    ရေးမြို့နယ် မော့ကနင်းလမ်းပိုင်းနှင့် မုဒုံမြို့နယ် နှီးပဒေါလမ်းပိုင်းဘက်တွင် နှစ်စဉ် ကားလမ်းပိုင်း ရေကျော်မှုဖြစ်ပွားပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေခြင်းကြောင့် ယခုနှစ်အတွင်း ကြိုတင်ကာကွယ်မှု ပိုမိုလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယမန်နှစ်ဇူလိုင်လအတွင်း မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ပေါင်မြို့နယ်တို့တွင် ရေကြီးရေလျှံမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဒေသခံ သောင်းနှင့်ချီ ရေဘေးဒုက္ခရင်ဆိုင်ခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks