spot_img
Saturday, March 7, 2026
More
    spot_img
    Homeသတင်းမြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသမီးတစ်ဦး ဆေးရုံပို့ဆောင်ရန်ခက်ခဲနေ

    မြေမြှုပ်မိုင်းနင်းမိသည့် အမျိုးသမီးတစ်ဦး ဆေးရုံပို့ဆောင်ရန်ခက်ခဲနေ

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ၉ ဇူလိုင် ၂၀၂၄။

    မွန်ပြည်နယ်၊ ရေးမြို့နယ် တူးမြောင်းကျေးရွာမှ မြေမြှပ်မိုင်းနင်းမိသည့် အမျိုးသမီးတစ်ဦး မွန်ပြည်သစ်ပါတီ ကျန်းမာရေးဌာနသို့ပို့ဆောင်ရန် အခက်အခဲရှိနေသည်ဟု သိရသည်။

    ဇူလိုင်လ ၇ရက်နေ့တွင် ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအနီး မြေမြှုပ်မိုင်းနင်းမိသည့် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးသည် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) အကူညီဖြင့် အနာကုသရန်၊ ခြေထောက်တုတပ်ဆင်ရန်အတွက် အစိုးရဌာနမဟုတ်သည့် မွန်ပြည်သစ်ပါတီ ဝယ်ဇင် ကျန်းမာရေးဌာနတွင် ဆေးကုသရန် အကူညီရရှိထားသည်ဟု သိရသည်။

    တူးမြောင်းရွာမှ ၁၀ မိုင်ခန့်ဝေးသည့် ဝယ်ဇင်ရွာသို့ သွားရာက်ရန် စစ်ဆေးရေးတင်းကြပ်ထားသည့် စစ်ကောင်စီတံတားကြီး စစ်ဆေးရေးဂိတ်အဖွဲ့နှင့် စစ်ဆေးမေးမြန်း ဖမ်းဆီးခံရမည်ကို စိုးရိမ်နေခြင်းကြောင့် လူမှုကူညီရေးအဖွဲ့အပါအဝင် အခြားယာဉ်တို့ အသွားအလာမလုပ်ရဲနေသည်ဟု သိရသည်။

    “ န်ရေးဆေးရုံးကိုတော့ ပို့ထားပြီးပြီး၊ အခုဆေးရုံးက ပြန်ဆင်းတော့ ICRC ကို ဆက်သွယ်ထားပေးတယ်။ ICRC လည်း ဝယ်ဇင်ဆေးရုံးပေးပို့ခိုင်းတယ်၊ လမ်းကြောင်းကလည်း နည်းနည်းပြဿနာရှိနေတယ်" ဟု လူမှုကူညီးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    ယခင်က မွန်ပြည်သစ်ပါတီ လက်အောက်ရှိ ကျန်းမာရေးဌာနတွင် မူးယစ်ဆေးစွဲသူတို့ကို လိုက်လံပို့ဆောင်ပေးနေသော်လည်း လက်ရှိတွင် မြေမြှုပ်မိုင်းလူနာဖြစ်နေခြင်းကြောင့် ပို့ဆောင်ရန် စိုးရိမ်မှုရှိနေသည်ဟုလည်း ဆက်ပြောသည်။

    “တပ်ကထောင်ထားတဲ့မိုင်းကို နင်းမိတယ်ဆိုတော့ ပြဿနာဖြစ်မှာကြောက်လို့လေ၊ ဝယ်ဇင်ဘက်ပို့မယ်ဆိုတော့ နည်းနည်းရှော့ရှိတာပေါ့ ပုံမှန်ဆိုရင် တံတားကြီးမှာ စစ်တယ်လေ၊ မိုင်းထိတဲ့လူက ဝယ်ဇင်းဘက်ကိုသွားမှာဆိုတော့ တစ်မျိုးမြင်မှာစိုးတယ်၊ သွားပို့လို့ရတယ် ဒါမဲ့နည်းနည်း ချီတုံချတုံ ဖြစ်နေတာပေါ့ အဲတာကို အဓိက စိတ်ပူတာ ” ဟု လူမူကူညီရေးအသင်းတာဝန်ရှိသူက ဆက်ပြောသည်။

    ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့တွင် ရေးမြို့နယ် ခမရ (၅၈၆) တပ်ရင်းအနီး မျှစ်သွားချိုးသည့် တူးမြောင်းရွာခံအမျိုးသမီးသည် အဆိုပါတပ်ရင်အနီး ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခြင်းကြောင့် ခြေထောက်တစ်ဖက် ဖြတ်တောက်ခဲ့ရသည်ဟု သိရသည်။

    လမ်းခရီးအခက်အခဲကြောင့် ရက်ပိုင်းကြာသည်အထိ ဆေးဝါးအသေအချာ မကုသနိုင်ခြင်းကြောင့် ဒဏ်ရာအခြေအနေ ဆိုးဝါးလာမည်ကိုလည်း မိသားစုဝင်တို့က စိုးရိမ်လျှက်ရှိသည်။

    စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြား ပဋိပက္ခဖြစ်ပွားမှု ပိုများသည့် ရေးမြို့နယ်တွင် စစ်ဆေးမှုကန့်သတ်မှုနှင့် လုံခြုံရေးအခြေအနေအရပ်ရပ်တို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းကို နေရာအကန့်အသတ်ဖြင့်သာ ဆောင်ရွက်နေရသည်ဟု သိရသည်။

    နိုင်ငံတကာ ကြက်ခြေနီအဖွဲ့(ICRC)အဖွဲ့သည် စစ်ရေးပဋိပက္ခဒေသအတွင်း မြေမြှုပ်မိုင်းအပြင် အခြားလက်နက်ကြီး လက်နက်ငယ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ဆေးကုသနိုင်ရန် ထောက်ပံ့သည့်အပြင် ခြေတု လက်တု တပ်ဆင်ဆောင်ရွက်ပေးနေသည်ဟု သိရသည်။

    မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မမြှပ်မိုင်းပေါက်ကွဲမှု  ၁၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒေသခံ ၇ ဦး သေဆုံးကာ ၁၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks