spot_img
Wednesday, December 17, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်နိုင်ဖွယ်မရှိဟုဆို

    စစ်ကောင်စီ ကျင်းပမည့်ရွေးကောက်ပွဲ အောင်မြင်နိုင်ဖွယ်မရှိဟုဆို

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ၊ ဇွန် ၁၀၊ ၂၀၂၄

    စစ်ကောင်စီက လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားရန် စီစဉ်နေပြီး စစ်ကောင်စီ ကျင်းပသည့် ရွေးကောက်ပွဲသည် အောင်မြင်နိုင်ဖွယ်မရှိဟု တော်လှန်ရေးအင်အားစုတို့က ပြောသည်။

    ထွက်ပေါက်တခုအနေဖြင့် စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေပြီး ရွေးကောက်ပွဲကို ၎င်းတို့ လုံခြုံရေးပေးနိုင်သည့် ဒေသအနည်းငယ်တို့တွင်သာ ကျင်းပသွားနိုင်မည်ဟု မွန်တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် မွန်ပြည်ကာကွယ်ရေးတပ် MSDF က ပြောသည်။

    MSDF ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသီရိမွန်ချမ်းက “ရွေးကောက်ပွဲက ဖြစ်လာနိုင်မှာ မဟုတ်ဘူး။ ကျင်းပကောင်းကျင်းပလာနိုင်တယ်။ ဒါပေမဲ့ အောင်မြင်နိုင်တဲ့အနေအထားတော့ မတွေ့ဘူး။ သူတို့ လုံခြုံရေးအပြည့်အဝယူထားတဲ့ ရန်ကုန်တိုင်းဒေသကြီးနဲ့ တစ်ခြားဒေသအနည်းငယ်မှာပဲ ကျင်းပနိုင်

    မယ်ထင်တယ်” ဟု ပြောသည်။

    စစ်ရေးပြင်းထန်နေသည့် ရှမ်းမြောက်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် အခြားတိုင်းရင်းသားဒေသတို့တွင် ရွေးကောက်ပွဲ ကျင်းပနိုင်သည့်အနေအထား မရှိဘူးလို့လည်း ဒေါက်တာသီရိမွန်ချမ်းက ဆက်ပြောသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတို့အပြင် နိုင်ငံတကာကလည်း လက်မခံနိုင်သည့်အနေအထားရှိနေသည်။

    စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်သွားမည်ဟု

    မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက ပြောသည်။

    “အောင်မြင်နိုင်ဖို့က မလွယ်ကူလောက်ဘူး။ တော်လှန်ရေးအဖွဲ့အစည်းတွေရော၊ တိုင်းရင်းသား အဖွဲ့အစည်းတွေရော၊ နွေဦးတော်လှန်ရေးအင်အားစုဘက်ကလည်း လက်မခံကြဘူးလေ။လက်မခံတဲ့အတွက် ရွေးကောက်ပွဲမှာ ပါဝင်လှုပ်ရှားသူတွေ ဘယ်သူမဆို ကျနော်တို့ ဆန့်ကျင့်သွားမယ်။ အဲအတွက် အန္တရာယ်တွေ ကျရောက်လာနိုင်တယ်။ မဲရုံးတွေ မပေါ်ထွက်လာအောင်လည်း

    တော်လှန်ရေးအင်အားစုဘက်က လုပ်သွားမှာ ဖြစ်တယ်။ အဲကြောင့် သူတို့(စစ်ကောင်စီ) ထိန်းချုပ်ထားသည့် နေရာအနည်းငယ်လောက်မှာပဲ ကျင်းပကောင်း ကျင်းပသွားနိုင်တယ်” ဟု နိုင်မွန်စိုင်းက ပြောသည်။

    စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တစ်နိုင်ငံအတိုင်းအတာအနေဖြင့် မကျင်းပနိုင်သော်လည်း အပိုင်းလိုက်ခွဲပြီး ကျင်းပပြုလုပ်သွားမည်ဟု ပြီးခဲ့သည့် မတ်လက ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင် ပြောဆိုခဲ့သည်။

    စစ်ခေါင်းဆောင်က လာမည့်နှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ထုတ်ပြောနေသလို ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်နေသည်။

    ရွေးကောက်ပွဲအတွက် လူဦးရေ သန်းခေါင်စာရင်းကိုလည်း စစ်ကောင်စီက အောက်တိုဘာလတွင် ကောက်ယူသွားရန် ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts