Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ကြောင်းထိုးဝင်ရောက်လာစဉ် မိုင်းထောင်ထားနိုင်ခြင်းကြောင့် ထားဝယ်ခရိုင်ဒေသခံတို့ နေရပ်မပြန်နိုင်သေး

    စစ်ကြောင်းထိုးဝင်ရောက်လာစဉ် မိုင်းထောင်ထားနိုင်ခြင်းကြောင့် ထားဝယ်ခရိုင်ဒေသခံတို့ နေရပ်မပြန်နိုင်သေး

    -

    ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် မျောက်ချောရွာနှင့် အဆိုပါဒေသတစ်ဝိုက်ရှိ ကျေးရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့တို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် မိုင်းထောင်ထားနိုင်ခြင်းကြောင့် ဒေသခံတို့ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ မျောက်ချောရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ အင်အားအမြောက်အများဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်ဟု သိရသည်။

    စစ်ကောင်စီတပ်ဖွဲ့အနေဖြင့် စစ်ကြောင်းထိုးဝင်ရောက်ချိန်တွင် တစ်ဖက်ရန်သူကို ကာကွယ်နိုင်ရန်အတွက် နဂါးအိုင်ရွာနှင့် ရုန်းပိုင်ရွာကြားတွင် မိုင်းထောင်ထားနိုင်သည်ဟု ထားဝယ်ခရိုင်ဒေသခံတစ်ဦးက ဆိုသည်။

    "အချို့ပြောနေတာကတော့ မိုင်းထောင်ထားတာရှိတယ် ဒီရုန်းပိုင်ရွာနဲ့ နဂါးအိုင်ရွာကြားမှာထောင်ထားရှိတယ်လို့ကြားတော့ အဲဒါကြောင့် နဂါးအိုင်ရွာကလူတွေကို ရွာထဲမဝင်သေးဖို့ အတင်းအကြပ်ကို သတိပေးထားတာရှိတယ်၊ အားလုံးသန့်ရှင်းရေးလုပ်ပြီး ရှင်းလင်းပြီးမှ ပြန်လာဖို့ ကျနော်တို့ဝိုင်းဝန်းပြောဆိုမှာပေါ့" ဟု ဆိုသည်။

    ထို့ကြောင့် ဇွန်လ ၁၉ ရက်မှစ၍ စစ်မျက်နှာပြင်ရွာဖြစ်ခဲ့သည့် မျောက်ချော၊ မိတ်ဇိတ်၊ ရုန်းပိုင်၊ ကျောင်းဒုံ၊ မရော့ချိုင်း၊ နဂါးအိုင် စသည့်ကျေးရွာမှ လူဦးရေ ၁၅၀၀ ကျော်တို့ ထိုင်းနယ်စပ်ဘက်ကို ခြေကျင်လျှောက်ကာ တိမ်းရှောင်နေသည့်အပြင် ရေဖြူမြို့နယ်တွင်လည်း တိမ်းရှောင်နေကြသည်ဟု သူကဆက်ပြောသည်။

    "အများစုကတော့ ခြေကျင်လျှောက်ပြီး သွားကြတာပဲ။ ဆိုင်ကယ်တွေ ကားတွေရှိတဲ့လူတွေလည်း ယူလို့မမီတော့ဘူးလေ၊ သူတို့တွေနည်းနည်းငြိမ်သက်သွားတော့မှ ဘုန်းကြီးကျောင်းမှာ နေတဲ့လူတွေက ကိုယ်အဆင်ပြေတဲ့ရွာတွေမှာ သွားပြီးပုန်းခိုကြတယ်ပေါ့၊ ဟိုးမိတ်ဇိတ်ရွာအထက်ဘက်ကို ထွက်ပြေးတဲ့လူတွေက လမ်းလျှောက်သွားတာပဲများတယ်’ ဟုဆိုသည်။

    ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နှင့်၂၀ ရက်နေ့တွင် စစ်တပ်မှ မျောက်ချောကျေးရွာအတွင်း စစ်လေယာဉ်နှင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် နေအိမ် ၃၀ ကျော် မီးရှို့ဖျက်စီးခဲ့ပြီး ဇွန်လ ၂၂ ရက်နေ့တွင်လည်း နဂါးအိုင်ရွာအတွင်းရှိ နေအိမ်ကိုလည်း မီးရှို့ဖျက်စီးခဲ့သည်ဟု သိရသည်။

    စစ်ကောင်စီဖွဲ့တို့သည် ဇွန်လ ၂၃ ရက်နေ့တွင် ပြန်လည်ဆုတ်ခွာခဲ့သော်လည်း ကျေးရွာအတွင်းရှိ နေအိမ်တို့တွင် ပုန်းခိုတပ်စွဲနေမည်ကို ဒေသခံတို့စိုးရိမ်လျှက်ရှိသည်ဟု သိရသည်။

    လက်ရှိတွင် နေအိမ်မီးလောင်ခံထားရသည့် မျောက်ချောဒေသတစ်ဝိုက်မှ ဒေသခံအမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်တို့ပါဝင်သည့် အိမ်ထောင်စု ၂၄ စု၊ လူဦးရေအားဖြင့် ၁၀၅ ဦးတို့သည် ထိုင်းနိုင်ငံနယ်မြေအတွင်းရှိ မွန်အခေါ်အဝေါ်ဖြင့်(ကြုင်ကင်)ဟု ခေါ်သည့်နေရာတွင် တိမ်းရှောင်ရောက်ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks