spot_img
Tuesday, July 2, 2024
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ သောင်းနှင့်ချီသည့်ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ

    ကျိုက်ထိုတွင် လက်နက်ကြီးကျကွဲမှုကြောင့် အမျိုးသမီးငယ်တစ်ဦးသေဆုံး၊ သောင်းနှင့်ချီသည့်ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ အမြှောက်တပ် ၃၁၀ တပ်ရင်းစခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး၊ သောင်းနှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

    ဇွန်လ ၁၄ ရက်နေ့က စစ်ကောင်စီ အမြှောက်တပ် ၃၁၀ တပ်ရင်းစခန်းမှ လက်နက်ကြီး ၂ လုံး ပစ်ခတ်ရာ ဒေသအခေါ် ကျောက်ဟတ်ကွင်းရှိ ခြံတဲတစ်လုံးအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၁၄ နှစ်အရွယ်ရှိ မနန္ဒာလင်း သေဆုံးသွားခဲ့ပြီး၊ အသက် ၁ နှစ်ခွဲဝန်းကျင်အရွယ်ရှိ မရွှေဇင်လေး ကျည်ရှပ်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဇွန်လ ၂၁ ရက်နေ့ ညနေကလည်း ကျိုက်ထိုမြို့နယ် KNU အုပ်ချုပ်မှုနယ်မြေထဲကို စစ်ကောင်စီအမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးတစ်လုံးသည် ခရွဲကျေးရွာ တောင်ကျောင်း ဘုန်းကြီးကျောင်းဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။

    ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းထိုင် ဆရာတော်တစ်ပါး၊ ဦးဇင်းတစ်ပါးနှင့် အသက် ၇၅ နှစ်ရှိ ဦးစံတင်၊ အသက် ၆၂ နှစ်ရှိ ဒေါ်စန်းမြင့်တို့ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ အမြှောက်တပ်စခန်းမှ ဒေသခံပြည်သူများ နေထိုင်ရာနေရာများထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။

    စစ်ကောင်စီတပ်မှ လူနေထိုင်ရာရွာထဲသို့ လက်နက်ကြီး ရည်ရွယ်ချက်ရှိရှိ နေ့တိုင်းစဉ်လိုလို ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ နေအိမ် စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရကာ ကျိုက်ထိုမြို့နယ် KNU အုပ်ချုပ်မှုနယ်မြေအတွင်း စစ်ဘေးရှောင် တစ်သောင်းကျော် ရှိနေသည်ဟု KNU က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,800SubscribersSubscribe
    spot_img

    Latest posts