Tuesday, March 10, 2026
More
    spot_img
    Homeသတင်းလွတ်မြောက်နယ်မြေတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသမီးတို့များလာ

    လွတ်မြောက်နယ်မြေတွင် လာရောက်တိမ်းရှောင်နေသည့် အမျိုးသမီးတို့များလာ

    -

    အမျိုးသမီးစစ်မှူထမ်းအပတ်စဉ် နီးကပ်လာသည်နှင့်အမျှ လွတ်မြောက်နယ်မြေအတွင်း တိမ်းရှောင်လိုသည့်အမျိုးသမီးတို့များလာပြီး မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFC ထံ လာရောက်ဆက်သွယ်သူ ရာနီးပါးအထိရှိလာနေသည်ဟု MSFC အဖွဲ့တာဝန်ရှိသူတို့က ဆိုသည်။

    လာမည့်စစ်မှုထမ်းအပတ်စဉ် ၅ တွင် အမျိုးသမီးများ ပါဝင်တက်ရောက်ရမည်ဖြစ်ခြင်းကြောင့် စစ်မှုထမ်းအသက်အရွယ်တွင်အကြုံးဝင်သည့် အမျိုးသမီးများ ရရာနည်းဖြင့် ပြည်ပသို့ထွက်ခွာတိမ်းရှောင်သူ များလာသည့်အပြင် လွတ်မြောက်နယ်မြေတွင်လည်း လာရောက်ခိုလှုံသူ များနေသည်ဟု သိရသည်။

    လက်ရှိ လာရောက်ခိုလှုံလျှက်ရှိသည့် အမျိုးသမီးလူငယ်များသည် ပညာရေး၊ သက်မွေးဝမ်းကျောင်းနှင့် အခြားတော်လှန်ရေးနယ်ပယ်တို့တွင် ပါဝင်ကူညီလုပ်ဆောင်နေသည်ဟု MSFC မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

    “လူငယ်တွေအားလုံးက ထွက်မဲ့လမ်းရှာကြတာပဲ ဒါမဲ့ရှောင်လွှဲလို့ မရတော့တဲ့အနေအထားမို့လို့ ဒီကိုဆက်သွယ်လာကြတယ်။ ဒါမဲ့အခုနေလို့မရတဲ့ အခြေအနေ ဖြစ်လာတဲ့အခါက မိဘတွေကိုယ်တိုင်ဆက်သွယ်လာတာရှိတယ် အမျိုးသမီးတွေက ၁၀၀ နီးပါးလောက်ဖြစ်လာနေတယ်။ လက်နက်ကိုင်လမ်းစဉ်မရွေးချင်တဲ့သူတွေကို ကျောင်းတက်ဖို့ချိတ်ဆက်ပေးတာတွေ၊ အခြားဌာနတွေနဲ့ချိတ်ဆက်ဖို့လုပ်ပေးတယ် ” ဟု ၎င်းကဆိုသည်။

    စစ်ကောင်စီမှ နိုင်ငံသားတိုင်းစစ်မှူးထမ်းဆောင်ရမည်ဖြစ်ပြီး၊ အမျိုးသားများ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိသတ်မှတ်ထားပြီး အမျိုးသမီးများကို အသက် ၁၈ နှစ်မှ အသက် ၂၇ ဝန်းကျင်အထိသတ်မှတ် ထားကြောင်းသိရသည်။
    ထို့ကြောင့် တက္ကသိုလ်ဝင်တန်းအောင်မြင်သွားသည့် လူငယ်များ တက္ကသိုလ်ပညာဆက်လက်မသင်ကြားနိုင်ဘဲ ပြည်ပနိုင်ငံသို့သာ ထွက်ခွာနေသည်ဟု မွန်လူငယ်အမျိုးသမီးတစ်ဦးကပြောသည်။

    “အချို့ဆို မိဘကိုလွှတ်ထားမရလို့ရှောင်ဖို့အဆင်မပြေတာလဲရှိတယ်။ မိဘတွေကလဲဒီဥပဒေကနေ သူတို့ကာကွယ်မပေးနိုင်တော့ဘူးဆိုတော့ ပြည်ပထွက်မယ်လို့ ရွေးချယ်တဲ့ လမ်းအပေါ်ဘာမှ မတားတော့ဘူး။ တစ်မျိုးပြီးတစ်မျိုးပိတ်ပင်နေလည်း ဒီနိုင်ငံကနေမရရတဲ့နည်းနဲ့ထွက်ကြတယ်” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

    ထို့အပြင် မော်လမြိုင်မြို့အတွင်း အမျိုးသမီးများပါဝင်တက်ရောက်ရမည့်စစ်မှူးထမ်းအပတ်စဉ် (၅) အတွက် စစ်ကောင်စီလက်အောက်ခံတာဝန်ရှိသူတို့က တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသည့်အမျိုးသမီးများကို လိုက်လံစည်းရုံးနေသည်ဟု သိရသည်။

    စစ်မှူးထမ်းဥပဒေကြောင့် ရှောင်တိမ်းလိုသည့်မွန်လူငယ်အမျိုးသား၊ အမျိုးသမီးများကို မွန်တော်လှန်ရေးတပ်ဖွဲ့များအနက် မွန်ပြည်နယ်ကို ကိုယ်စားပြုဖွဲ့စည်းထားသည့် မွန်ပြည်ဖယ်ဒရယ်ကောင်စီ MSFCမှ လက်ခံလျှက်ရှိနေပြီးအခြားတိုင်းရင်းသားဒေသအသီးသီးမှ ရှောင်တိမ်းလိုသည့် လူငယ်ကိုလည်းလက်ခံနိုင်ရန် ပြင်ဆင်နေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks