Homeသတင်းဘုရားသုံးဆူ-ကြားအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်း ရေးကြီးရေလျှံနေလို့ သွားလာရေးအခက်အခဲဖြစ်

ဘုရားသုံးဆူ-ကြားအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်း ရေးကြီးရေလျှံနေလို့ သွားလာရေးအခက်အခဲဖြစ်

-

မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာမှုကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်-မုဒုံလမ်းပိုင်း ရေကြီးရေလျှံနေသည့်အတွက် သွားလာရေးအခက်အခဲဖြစ်နေကြောင်း ကားသမားတို့ထံမှ သိရသည်။

တောင်ကျရေများကြောင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းရှိ ဒနုံးချောင်း ရေလျှံတက်လာကာ ဒနုံးချောင်းဖြတ်တံတား နစ်မြုပ်ပျက်စီးသွားခြင်းကြောင့် ဖောင်ဖြင့် ကူးဖြတ်သွားလာနေကြရသည်။

“ဒနုံးမြစ်ဖြတ် တံတားက ရေကြီးလို့ နစ်မြုပ်သွားပြီး။ သွားလာရေးက အရင်ကလို မလွယ်ကူတော့ဘူး။ ဖောင်တွေနဲ့ ကူးရတဲ့အတွက် ကားတွေက မနက်ပိုင်းကနေ ညနေပိုင်းအထိကို တန်းစီးနေကြရတယ်။ ဖောင်ကလည်း တစ်ခုပဲ ရှိတဲ့အတွက် ခရီးသွားပြည်သူတွေရော အခက်အခဲဖြစ်နေကြတယ်” ဟု ဘုရားသုံးဆူ-မုဒုံပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောသည်။

ဖောင်ဖြင့် အလှည့်ကျဖြတ်ကူးနေရသည့်အတွက် ညအိပ်ပြီး စောင့်ဆိုင်းနေရသည့် အခြေအနေလည်း ရှိနေသည်ဟု ကားသမားတို့ထံမှ သိရသည်။

အဆိုပါလမ်းပိုင်းတွင် လက်ရှိ ဖောင်ဖြင့် ကူးဖြတ်သွားလာလို့ရနေသေးသော်လည်း မိုးပိုများလာပါက သွားလာရေး အဆင်ပြေတော့မည်မဟုတ်ကြောင်းလည်း ဆိုသည်။

“လောလောဆယ်တော့ သွားလာလို့ ရသေးတယ်။ ရေကတော့ သိပ်မစီးသေးဘူးလေ။ နောက်တစ်လ နှစ်လလောက်ဆိုရင်တော့၊ ရေကြီးတာတို့၊ ဘာတို့ ဖြစ်လာရင်တော့ သွားရလာရတာ အဆင်မပြေလောက်တော့ဘူး” ဟု အခြားကားသမားတစ်ဦးက ပြောသည်။

ဘုရားသုံးဆူနယ်စပ်မှ မွန်ပြည်နယ်ကို ဘုရားသုံးဆူ-ရေး၊ ဘုရားသုံးဆူ-သံဖြူဇရပ်နှင့် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်တို့မှတဆင့် သွားလာနိုင်သော်လည်း မိုးတွင်းကာလတွင် ဘုရားသုံးဆူ-ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းတစ်ခုသာ သွားလာအသုံးပြုနေကြရသည်ဟု ကားသမားများထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts