Homeသတင်းရေးမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်တို့ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးငွေညှစ်နေ

ရေးမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်တို့ကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးငွေညှစ်နေ

-

မွန်ပြည်နယ်၊ရေးမြို့နယ် ၊အဘော်ကျေးရွာ ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်မှ လိုင်စင်မဲ့ ကားနှင့်ဆိုင်ကယ်များကို မကြာခဏ ဖမ်းဆီးငွေညှစ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၅ရက်နေ့ နံနက် ၈နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်မှ လိုင်စင်မဲ့ (Without) ကားများကို ပစ်မှတ်ထား စစ်ဆေးဖမ်းဆီးနေပြီး ငွေကြေးအဆမတန် တောင်းခံနေသည်ဟု အဘော်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

“ဟိုနေ့က စစ်သားတွေ အဘော်ဘုန်းကြီးကျောင်းအရှေ့ထိ ရာက်လာတယ် သူတို့က လိုင်စင်မရှိတဲ့ကား၊ဆိုင်ကယ်တွေကို ဆင်းစစ်တာပေါ့ ဆိုင်ကယ်လည်း ဖမ်းဆီးခံရတယ် ၊အင်ဒင်ဒေသခံ စီးလာတဲ့ကားတစ်စီးလည်း ဖမ်းဆီးခံရတယ်”ဟု ဆိုသည်။

သိမ်းယူထားသည့် လိုင်စင်မဲ့ ကားတစ်စီးလျှင် ငွေကျပ် သိန်း (၅၀) အထိ ပြန်လည်ရွေးစေပြီး၊ သတ်မှတ်ထားသည့် ပမာဏအတိုင်းလျှင် မပေးဆောင်နိုင်လျှင် ၃လ သိမ်းယူသွားမည်ဟု ဒေသခံတို့က ဆိုသည်။

“ ကားပိုင်ရှင်တွေက သူတို့ကားကို မပေးချင်ကြဘူး၊ ၃လ သိမ်းမယ်လို့ပြောတာကလည်း ပြန်ရမလား မရဘူးလားဆိုတာ သေချာမသိဘူ့း၊ အသိမ်းခံရရင် ပြန်ရဖို့ အာမခံချက်မရှိနေတော့ ပိုက်ဆံရှာ ချေးပြီးတော့ ပေးရတယ်ပေါ့ ”ဟု လိုင်စင်မဲ့ယာဉ်ဖမ်းဆီးခံရသူနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီမှ လိုင်စင်မဲ့ယာဉ်တို့ကို စစ်ဆေးဆောင်ရွက်နေစဉ် ဆိုင်ကယ်ယာဉ်မောင်းဖြစ်သည့် ဒေသခံအမျိုးသားတို့ကို ပိုမိုတင်းကြပ်စွာ စစ်ဆေးဆောင်ရွက်နေသည်ဟု သိရသည်။

လိုင်စင်မဲ့ယာဉ်တို့ကို ရေးမြို့နယ်တွင် စစ်ကောင်စီမှ မကြာခဏ စစ်ဆေးဖမ်းဆီးစစ်ဆေးနေသော်လည်း ထိုင်း – မြန်မာနယ်စပ် မြဝတီဘက်မှ လာသည့် လိုင်စဉ်မဲ့ယာဉ်တို့ကို တင်သွင်းရောင်းချခွင့် ပြုနေဆဲဖြစ်ကြောင်းသိရသည်။

ရေးမြို့နယ် အဘော်ကျေးရွာတွင် စစ်ကောင်စီမှခန့်ထားသည့် အုပ်ချုပ်ရေးမှူးအသစ်တက်လာပြီးနောက် ကျေးရွာအတွင်းရှောင်တခင်စစ်ဆေးမှုတို့ မကြာခဏလုပ်ဆောင်လျှက်ရှိကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts