spot_img
Sunday, February 22, 2026
More
    spot_img
    Homeသတင်းထားဝယ်မြို့ပေါ်ကျောင်း ပေါက်ကွဲမှုအတွင်း ကလေး တစ်ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

    ထားဝယ်မြို့ပေါ်ကျောင်း ပေါက်ကွဲမှုအတွင်း ကလေး တစ်ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်း ပေါက်ကွဲမှုဖြစ်စဉ်အတွင်း တတိယတန်းကျောင်းသားတစ်ဦး သေဆုံးပြီး၊ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ယမန်နေ့ ဇွန်လ ၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကျောင်းဝင်းအတွင်း ကလေးများ ဆော့ကစားနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၉ နှစ်အရွယ် တတိယတန်းကျောင်းသား တစ်ဦး သေဆုံးကာ၊ မိန်းကလေးငယ် ၁၅ ဦးနှင့် ယောက်ျားလေး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    “ကျောင်းဝင်းထဲမှာ ကလေးတွေကစားနေရင်း ပေါက်ကွဲမှုဖြစ်သွားတာ။ ဘယ်လိုဖြစ်လဲတော့မသိဘူး။ ဒဏ်ရာရတဲ့ကလေးတွေက ၂၅ ယောက်။ ၉ နှစ်အရွယ်ကလေး ၁ ယောက်ကတော့ သေဆုံးသွားတယ်” ဟု ထားဝယ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

    နေ့လယ်ကျောင်းဆင်းချိန်တွင် ကလေးများ ဆော့ကစားနေရာမှ ကလေးတစ်ဦးက မပေါက်ကွဲသေးသည့် မိုင်းဟုယူဆရသည့် ပစ္စည်းတစ်ခုကို ကောက်ယူပြီး ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြို့ခံတို့ကြား ပြောဆိုနေကြသည်။

    “ကျောင်းထဲမှာ ကလေးက လက်နက်ကြီးကိုတွေ့တာ။ အဲ့တာကိုယူသွားတဲ့အချိန်မှာ ပေါက်ကွဲသွားတာ။ ယူလာတဲ့ကလေးကတော့ ပွဲချင်းပြီးပေါ့။ ကျောင်းသားမိဘတစ်ယောက်လဲ ထိခိုက်တယ်။ ပြင်းထန်ဒဏ်ရာရသူတွေလဲပါတယ်။ လောလောဆယ်တော့ သေဆုံးတာ တစ်ယောက်ထဲပဲ” ဟု သေဆုံးကလေးငယ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ယနေ့ ဇွန်လ ၅ ရက်နေ့မှာတော့ ပေါက်ကွဲမှုဖြစ်ခဲ့သည့် အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်း ပုံမှန် ဖွင့်လှစ်ထားပြီး ဆရာ၊ ဆရာမများရှိသော်လည်း ကျောင်းတက်သည့် ကျောင်းသား၊ ကျောင်းသူမရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။

    အဆိုပါ မူလတန်းကျောင်းသည် စစ်ကောင်စီအထိုင်ချတပ်စွဲထားသည့်အိမ်ရှေ့ပြင်ဂိတ်အနောက်ဘက်အနီးတွင် တည်ရှိပြီး ပေါင်ကွဲဖြစ်ချိန်တွင် တိုက်ပွဲတစုံတရာဖြစ်ပွားခြင်းမရှိဘူးလို့လည်း ဒေသခံတို့က ပြောသည်။

    ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည့် ကလေးများကို ထားဝယ်မြို့ဆေးရုံးတွင် ဆေးကုသမှုခံယူနေကြရပြီး စိုးရိမ်ရသည့် အခြေအနေမဟုတ်ကြောင်းလည်း ထားဝယ်မြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

    ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက် မူလတန်းကျောင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား အပြန်အလှန်စွပ်စွဲနေကြသည်။

    ပြီးခဲ့သည့် မေလ ၁၃ ရက်နေ့က ပေါက်ကွဲမှုဖြစ်ခဲ့သည့် မူလတန်းစာသင်ကျောင်းနှင့် တစ်ဖာလုံအကွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks