spot_img
Thursday, May 15, 2025
More
    spot_img
    Homeသတင်းဗျိုင်းဖြူရွာသားများကို သတ်ဖြတ်မှု လက်စားချေမည်ဟု AA ထုတ်ပြန်

    ဗျိုင်းဖြူရွာသားများကို သတ်ဖြတ်မှု လက်စားချေမည်ဟု AA ထုတ်ပြန်

    -

    ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ အရပ်သားများကို စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်မှုများကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ဇွန်လ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့သည်။

    ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစမှ တပ်ဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့မှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီက သင်တန်းပေးထားသော မူဆလင်တပ်ဖွဲ့ဝင်များပါဝင်သော အင်အား ၁၇၀ ခန့်က ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ကာ ရွာသူ/ရွာသားများအား ညှဉ်းပန်းခြင်း၊ လက်နက်အားကိုးဖြင့် သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း သတ်ဖြတ် အလောင်းဖျောက်ခံရသော စာရင်းများနှင့်တကွ AA က ဖော်ပြခဲ့သည်။

    ဖမ်းဆီးခံရသူများထဲမှ အရပ်သား ၅၀ ကျော်ကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ အမျိုးသမီးအချို့အား မုဒိမ်းကျင့်ခြင်း၊ ထောင်ချီသော ပြည်သူများကို ဓားစာခံအဖြစ် ဖမ်းဆီထားခြင်း၊ တန်ဖိုးရှိသော ရွှေ၊ ငွေ၊ ဖုန်း၊ ဆိုင်ကယ်များအား လုယူခြင်း၊ လူနေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခြင်းများ ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။

    ယခုအဖြစ်အပျက်သည် ရခိုင်ပြည်သူလူထုတစ်ရပ်လုံးအတွက် သမိုင်းတွင် မည်သည့်အခါမျှ မေ့ပျောက်၍ ရနိုင်မည် မဟုတ်သော စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်တစ်ခုအဖြစ် ကျန်ရှိနေမည်ဟု ဆိုသည်။

    စစ်ကောင်စီ၏ ယခုကဲ့သို့ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေခြင်းများကို ပြင်းထန်စွာရှုတ်ချပြီး ၎င်းလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် နောက်ထပ်အလားတူအဖြစ်မျိုး မဖြစ်ပေါ်ရန် သတိပေးကြောင်း ဆိုသည်။

    ထို့အတူ ဗျိုင်းဖြူရွာဖြစ်စဉ်တွင် စစ်ရာဇဝတ်မှု ကျူးလွန်ရန် ညွှန်ကြား အမိန့်ပေးစေခိုင်းသူနှင့် ညွှန်ကြားချက်ကို လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သည့် စစ်ကောင်စီ၏ တပ်မ၊ တပ်ရင်းများနှင့် ပါဝင်ပတ်သက်သူများအားလုံးကို ပြင်းထန်စွာ လက်စားချေ တုံ့ပြန်မည်ဖြစ်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီနှင့် အာရက္ခတပ်တော် (ULA/AA) တို့အကြား တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း သံတွဲမြို့နယ်တွင် ဖြစ်ပွားလျက်ရှိနေသည်။

    AA က ချင်းပြည်နယ် ပလက်ဝမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲနှင့် ဘူးသီးတောင်စသည့် မြို့နယ်များကို သိမ်းပိုက်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,500SubscribersSubscribe
    spot_img

    Latest posts