spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းအကျဘက်မရှိသည့် ကုန်ဈေးနှုန်းကြောင့် အိမ်ရှင်မတို့ ပိုခက်ခဲနေ

    အကျဘက်မရှိသည့် ကုန်ဈေးနှုန်းကြောင့် အိမ်ရှင်မတို့ ပိုခက်ခဲနေ

    -

    မွန်ပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေးခက်ခဲနှင့် ထိုင်းငွေဈေးမြင့်တက်မှုတို့ကြောင့် ပြီးခဲ့သည့် မေလလယ်ပိုင်းမှစပြီး မီးဖိုချောင်သုံး ကုန်ဈေးနှုန်းတို့ ထပ်မံဈေးမြင့်တက်လျှက်ရှိသည်ဟု အိမ်ရှင်မတို့ထံမှ သိရသည်။

    ကြက်သွန်ဖြူ တစ်ပိသာလျှင် ပြီးခဲ့သည့် မေလပထမအပတ်အတွင် ၁၅၀၀၀ ကျပ်ဈေးရှိရာမှ လက်ရှိတွင် ၁၈၀၀၀ ကျပ်၊ ကော်ဖီမစ် တစ်ပါကင် ၂၅၀၀၀ ကျပ်မှ ၃၅၀၀၀ ကျပ်၊ ပုစွန်နှစ်ကောင်ဆီတစ်ထုပ်လျှင် ၄၈၀၀ ကျပ်မှ ၆၀၀၀ ကျပ်နှင့် စားအုန်းဆီ တစ်ဂါလံကို ယခင် ၇ သောင်းဝန်းကျင်မှ ၉ သောင်းဝန်းကျင်အထိ ဈေးတက်နေသည်ဟု သိရသည်။

    လက်ရှိ ကုန်ဈေးနှုန်းအခြေအနေသည် လက်လုပ်လက်စား လူတန်းစားတို့ထမင်းလျှော့စားရမည့် အခြေအနေဖြစ်နေသည်ဟု ရေးမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ဆိုသည်။

    “ဒီရက်ပိုင်း ဈေးသွားတာဈေးနှုန်းက တစ်ရက်ကို တစ်ခါတက်နေတာ၊ ဆန်ဆိုလည်း ပြည်နဲ့ဝယ်မစားနိုင်ဘူး၊ အဲ့တော့ လူဦးရေများတဲ့ အိမ်ဆိုလုပ်အားခနဲ့ ဘယ်လိုမှမလောက်ဘူး၊ ချဉ်ပေါင်တစ်စည်းဆို ၂၀၀ ကျော်နေတယ်၊ လျှော့သုံး လျှောသုံး လျှော့စားရတဲ့ အခြေအနေဖြစ်နေပြီး" ဟု ဆိုသည်။

    ကုန်ဈေးနှုန်းတို့ ထိုးတက်နေသော်လည်း လုပ်အားခ တစ်ရက်လျှင် ၁၅၀၀၀/၁၇၀၀၀ ဝန်းကျင်သာ ရရှိနေတာကြောင့် အိမ်အသုံးစရိတ်အတွက်
    စိုးရိမ်ပူပန်နေရပြီး အိမ်ရှင်မအချို့ ကိုယ်ပိုင်ဝင်ငွေထွက်ရှာနေသည်ဟုလည်း သိရသည်။

    လက်ရှိ ကုန်ဈေးနှုန်းအခြေအနေသည် အချိန်နာရီနှင့်အမျှ အတက်ဘက်သို့ ပြောင်းလဲနေသည်ဟုလည်း ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

    “ကော်ဖီမစ်တွေက အရင်တုန်းက အထုပ်သေး ၃ ထုပ် ၁၀၀၀ ရသေးတယ် အခုကထုပ်သေးဆို ၃၅၀ တစ်ခါမှ တစ်ခါတတ်တယ်၊ ဆီထုပ်တွေဆိုမဝယ်စားနိုင်တော့ဘူးလေ ၊ စားသုံးသူတွေက ဂါလံဆီကို ကျပ်သားနဲ့ပဲဝယ်တော့တယ်၊ လောလောဆယ်က ဈေးမတက်တာဘာမှမရှိဘူး”ဟု ပြောသည်။

    ပြည်တွင်းကုန်ဈေးနှုန်းတို့ လက်ရှိအတိုင်းသာဆက်တက်မည်ဆိုရင် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး စိုးရိမ်ပူပန်ဖွယ်ဖြစ်လာမည်ဟုလည်း စီးပွားရေးသုံးသပ်သူအချို့က ဆိုကြသည်။

    ယနေ့ မေလ ၃၁ ရက်နေ့တွင် မြန်မာငွေကျပ် ၁ သိန်းလျှင် ထိုင်းဘတ်ငွေ ၈၀၀ အောက်သာရှိနေခြင်းကြောင့် ထိုင်းကုန်ပစ္စည်းကိုအဓိကဝယ်ယူသုံးစွဲနေသည့် မွန်ပြည်နယ်မှ အိမ်ရှင်မတို့ ဈေးအဆမတန် ဝယ်ယူနေရသည်ဟု သိရသည်။

    ထို့အပြင် ယခုရက်ပိုင်းအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ ကျော် စံချိန်တင်မြင့်တက်နေပြီး အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်လည် တစ်ဒေါ်လာ ၄၄၀၀ ကျော်အထိ ရှိနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks