Monday, March 16, 2026
More
    spot_img
    Homeသတင်းနေရပ်ပြန်လာသည့် ဂျိုင်းမြစ်ဒေသခံတို့ကို စစ်ကောင်စီတပ်မှ စခန်းချစစ်ဆေးနေ

    နေရပ်ပြန်လာသည့် ဂျိုင်းမြစ်ဒေသခံတို့ကို စစ်ကောင်စီတပ်မှ စခန်းချစစ်ဆေးနေ

    -

    စစ်ဘေးရှောင်ရာနေရာမှ နေရပ်ပြန်လာသည့် ဂျိုင်းမြစ်ဒေသခံတို့ကို ရွာအဝင်အထွက်နေရာတို့တွင် အင်အား ၂၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သားတို့က စခန်းချကာ နေ့စဉ် စစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။

    အဆိုပါ စခန်းချထားသည့် စစ်ကောင်စီတပ်တို့သည် ဒေသခံတို့၏ သွားလာလှုပ်ရှားမှုကို နေ့စဉ်စောင့်ကြည့်နေပြီး တော်လှန်ရေးတပ်ဖွဲ့တို့၏ သတင်းအစအနကိုလည်း လမ်းသွာဒေသခံတို့မှတစ်ဆင့် မေးမြန်းနေသည်ဟု ဂျိုင်းမြစ်ဒေသမှ ဒေသခံတစ်ဦးက ဆိုသည်။

    “ကားနဲ့သွားရင် ဘယ်သွားမလဲမေးတယ်။ ကားအကောင်းစားတွေဆိုရင် လိုင်စင်ရှိလား အဲလိုမဆိုင်တာတွေလည်း မေးတယ်။ ကော့ဒွန်းကော့ပေနောကလာတဲ့သူတွေဆိုရင် PDF တွေတွေ့ထားတာရှိလား။ တစ်ချို့ ဗမာစကားပြောမတတ်သူတွေဆိုရင် သူတို့(စစ်တပ်)ရိုက်တာတွေလည်းရှိတယ် ” ဟုဆိုသည်။

    လက်ရှိ ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ချောင်းဆုံ၊ ခရုံဂူနှင့် မော်လမြိုင်စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်တို့နေရပ်လာသူ ၈၀ ရာခိုင်နှုန်းခန့်ရှိနေသည်ဟု နေရပ်ပြန်သူတို့မှတစ်ဆင့်သိရသည်။

    စစ်ကောင်စီတပ်မှ နေရပ်ပြန်သူတို့ကို လုံခြုံရေးပိုင်းတာာဝန်ယူခြင်းမရှိသည့်အပြင် လက်ရှိအကြမ်းဖက်လုပ်ရပ်တို့ကြောင့် မူလအခြေအနေအတိုင်းပြန်လည်ပတ်ရန် ခက်ခဲလျှက်ရှိသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

    “ရွာမှာက ဈေးဆိုင်တွေ၊ ရွှေဆိုင်တွေပြန်ဖွင့်နေကြတာရှိတယ်။ ဒါမဲ့ တစ်ရွာနဲ့တစ်ရွာ ဝင်ထွက်သွားလာတာမလုပ်ရဲနေကြဘူး၊ တရနာမှာလည်း အရေးကြီးကိစ္စမရှိရင် အပြင်ထွက်သွားလာတာတွေမရှိဘူး၊ ညနေ(၆) နာရီလောက်ဆို လမ်းမှာတစ်ယောက်မှမထွက်ရဲကြတော့ဘူး ” ဟု ဆိုသည်။

    စစ်ကောင်စီ်မွန်ပြည်နယ်ဝန်ကြီးချူပ်အဖွဲ့မှ ဂျိုင်းမြစ်ဒေသအတွင်း၌ စာသင်ကျောင်းဖွင့်လှစ်နိုင်ရန်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရန်အမြန်ဆုံးဆောင်ရွက်ပေးမည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ ဆောင်ရွက်ချက်ပေးခြင်းမရှိသေးကြောင်း သိရသည်။

    ပြီးခဲ့သည့် စစ်ရေးပဋိပက္ခကာလအတွင်း စစ်ကောင်စီတပ်သားတို့မှ လိင်ပိုင်းဆိုင်ရာကျူးလွန်မူတို့အပြင် အခြားလူမဆန်သူ့အကြမ်းဖက်မှုတို့ ကျူးလွန်ခဲ့သော်လည်း ထုတ်ဖော်ပြောဆိုမရဲသည့် အခြေအနေရှိနေသည်ဟု မွန်ပြည်လူ့အခွင့်ရေးဖောင်ဒေးရှင်း(HURFOM) ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks