spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် စစ်ဆေးမှုလုပ်သည့် တော်လှန်ရေးတပ်ဖွဲ့ကို စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်

    ကျိုက်မရောတွင် စစ်ဆေးမှုလုပ်သည့် တော်လှန်ရေးတပ်ဖွဲ့ကို စစ်တပ် လက်နက်ကြီးဖြင့် ပစ်ခတ်

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်သည်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ် (၂) စစ်ဒေသ၊ စစ်ဒေသခွဲ (၃) ဂဠုန်စစ်ကြောင်းနှင့် မွန်ပြည်နယ်လွတ်မြောက်ရေးတပ်တော် (MLA) ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ မေလ ၂၆ ရက်နေ့တွင် ကျိုက်မရောမြို့နယ်အတွင်း ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    တော်လှန်ရေးပူးပေါင်းမဟာမိတ်တပ်များ စစ်ဆေးရေး ပြုလုပ်နေသည့် နေရာများကို စစ်ကောင်စီလက်အောက်ခံ ကျိုက်မရောအခြေစိုက် ခမရ ၂၀၈ မှ နေ့လည် ၁၁ နာရီခွဲခန့်တွင် ၆၀ မမ လက်နက်ကြီးဖြင့် တကြိမ်၊ မွန်းလွဲ ၂ နာရီ ၄၅ မီနစ်ခန့်တွင် ၁၀၅ မမ လက်နက်ကြီးဖြင့် နှစ်ကြိမ် ပစ်ခက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါသည်။

    စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးသည် အများပြည်သူအသုံးပြုသွားလာနေသည့်လမ်းမပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးနားရှိ နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် ဒေသခံပြည်သူတဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်သည်။

    တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဘက်က တစုံတရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘူးလို့လည်း ဂဠုန်စစ်ကြောင်းက ထုတ်ပြန်သည်။

    မွန်-ကရင်အစပ် ဂျိုင်းမြစ်ဒေသရှိ ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မတ်လ ၂၄ ရက်နေ့နောက်ပိုင်း ဆက်စပ်သည့် ဂျိုင်းမြစ်ဒေသတလျှောက် စစ်ရေးပဋိပက္ခ ပြင်းထန်လာခဲ့သည်။

    ကော့ဘိန်းကျေးရွာနယ်မြေရဲစခန်း ပြန်လည်ရရှိရေးနှင့် ဂျိုင်းမြစ်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေကြောင်းပေါင်းစုံသုံးကာ ထိုးစစ်ဆင်လာခဲ့ရာ တစ်လခန့်အကြာ ဇွန်လ ၂၅ ရက်နေ့တွင် ကော့ဘိန်းရဲစခန်းကို စစ်ကောင်စီဘက်က ပြန်လည်သိမ်းပိုက်လိုက်သည့်အနေအထားရှိခဲ့သည်။

    ယင်းနောက် ဂျိုင်းမြစ်ဒေသတွင်းကို စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး ဒေသတွင်းက အရပ်သားပြည်သူကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းတွေ ယူဆောင်သွားတာ၊ ဖျက်ဆီးတာ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks