spot_img
Sunday, July 14, 2024
More
    spot_img
    Homeငြိမ်းချမ်းရေးစစ်ကောင်စီခွင့်ပြုထားသည့် နိုင်ငံရေးပါတီများ UPDJC ကို ပြန်ဖွဲ့

    စစ်ကောင်စီခွင့်ပြုထားသည့် နိုင်ငံရေးပါတီများ UPDJC ကို ပြန်ဖွဲ့

    -

    စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ပါတီတည်ထောင်ခွင့်ပြုထားသည့် နိုင်ငံရေးပါတီများက ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) နိုင်ငံရေးပါတီများ အစုအဖွဲ့ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

    UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့ ပြန်လည်ဖွဲ့စည်းရေးအတွက် ပြီးခဲ့သည့် မေလ ၂၅၊ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန (NSPC) ရုံးတွင် အစည်းအဝေးကျင်းပခဲ့ပြီး နိုင်ငံရေးပါတီ ၄၅ ပါတီ တက်ရောက်ခဲ့သည်။

    တက်ရောက်လာသည့် နိုင်ငံရေးပါတီများထဲမှ UPDJC နိုင်ငံရေးပါတီများ အစုအဖွဲ့အတွက် ခေါင်းဆောင် ၄ ဦးကို ပြည်သူ့ပါတီ (PP) မှ ဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ရခိုင့်ဦးဆောင်ပါတီမှ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်၊ ရှမ်းနှင့် တိုင်းရင်းသားဒီမိုကရက်တစ်ပါတီမှ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (USDP) တို့ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

    မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်း‌ရေး အခန်းကဏ္ဍများတွင် ဆွေးနွေးနိုင်သော ခေါင်းဆောင်များကို ရွေးချယ်နိုင်ခဲ့ကြောင်း လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောသည်။

    “ကောင်းပါတယ်။ ကျနော်တို့ အခုဖွဲ့စည်းလိုက်တာက တကယ်ပြောနိုင်ဆိုနိုင်မယ့် ပါတီခေါင်းဆောင်တွေပေါ့နော်၊ အခုအဲဒီပါတီခေါင်းဆောင်တွေကို ရွေးချယ်နိုင်တာက ကျနော်တို့လည်း ဝမ်းသာပါတယ်။ သူတို့အနေနဲ့ ငြိမ်းချမ်း‌ရေး ရရှိလာအောင် သူတို့ ဆွေးနွေးမယ်။ ၂၀၀၈ ဥပဒေဘောင်ထဲက ဖြစ်ဖြစ်။ ၂၀၀၈ ဥပဒေ အပြင်ကနေ တင်ပြလာတဲ့ EAO အဖွဲ့တွေကိုပေါ့။ ဘယ်လို ဆွေးနွေးရင် ဘယ်လို သဘောတူလာမယ်။ ဘယ်လို အလျှော့အတင်းတွေ ရလာမယ်ဆိုတာ သူတို့ဆွေးနွေးနိုင်မယ့်ခေါင်းဆောင်တွေ အများပိုင်းတော့ ရွေးချယ်မိတာပေါ့ကွာ၊ ရွေးချယ်မိတော့ အလားအလာက ကောင်းသလို ကျနော်တို့လည်း ဝမ်းသာကျေနပ်ပါတယ်” ဟု ၎င်းက ပြောသည်။

    စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို ပြန်လည်စုဖွဲ့ခဲ့ပြီး ၎င်းစုဖွဲ့မှုတွင် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းအိုက်ပေါင်းက တာဝန်ယူခဲ့ပြီး ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ(ပဲခူးတိုင်း) မှ ဒေါ်ချိုချိုကျော်ငြိမ်းက အတွင်းရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။

    UPDJC ကို အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် ကိုယ်စားလှယ် ၁၆ ဦး၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့မှ ကိုယ်စားလှယ် ၁၆ ဦးတို့ဖြင့် ဖွဲ့စည်းရန် NCA စာချုပ်တွင် ပြဋ္ဌာန်းထားသည်။

    စစ်ကောင်စီ၏ ပါတီတည်ထောင်ခွင့်ရထားသော နိုင်ငံရေးပါတီ ၄၇ ကို ဖိတ်ကြားခဲ့သော်လည်း ၄၅ ပါတီသာ တက်ရောက်ကြောင်း၊ ခေါင်းဆောင်၊ ဒုခေါင်းဆောင်ဖြင့် မရွေးချယ်ဘဲ ၎င်းတို့ ၄ ဦးကို ရွေးချယ်ကာ NSPC ကို တင်ပြလိုက်ကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်သိန်းက ပြောသည်။

    “သူတို့ ၄ ယောက်ကို ကျနော်တို့က ၁၆ ပါတီက သဘောကျကျတယ်ပေါ့ဗျာ၊ အကုန်သဘောတူကြတယ်။ အဲဒီ ၄ ယောက်ကို တင်ပေးလိုက်တယ်ဗျ။ ခေါင်းဆောင်၊ ဒုခေါင်းဆောင် မရွေးဘဲ ဒီအတိုင်း အခြေအနေနဲ့ပဲ NSPC ကို ဒီအတိုင်း တင်ပေးလိုက်တယ်ဗျ။ သူတို့သဘောထားနဲ့ ပြန်ညှိရွေးဆိုလည်း ပြန်ရွေးပေးရမှာပေါ့” ဟု ၎င်းက ပြောသည်။

    ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနိုင်ရေး အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများလည်း စုဖွဲ့မှုကို ပြင်ဆင်ထားကြောင်း သိရသည်။

    စစ်အာဏာသိမ်းပြီးနောက် လွှတ်တော်အခင်းအကျင်းမရှိသော ယခုကဲ့သို့အချိန်မျိုးမှာ UPDJC စုဖွဲ့ကြသော်လည်း အလုပ်ဖြစ်မှာမဟုတ်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    26,200SubscribersSubscribe
    spot_img

    Latest posts