Tuesday, March 17, 2026
More
    spot_img
    Homeသတင်းကုန်သွယ်ရေးအခက်ခဲကြောင့် မြေသြဇာအချို့ဈေးကွက်တွင် ပြတ်လပ်

    ကုန်သွယ်ရေးအခက်ခဲကြောင့် မြေသြဇာအချို့ဈေးကွက်တွင် ပြတ်လပ်

    -

    မွန်ပြည်နယ်တွင် ကုန်သွယ်ရေးအတွက် အရေးပါသည့် ဘီလင်းမြို့ရှိ ကျုံအိတ်တံတားနှင့်မစောတံတားတို့ ဖောက်ခွဲရသည့်နောက် တောင်သူတို့လိုအပ်သည့် မြေသြဇာအချို့ ဈေးကွက်တွင်ပြတ်လပ်နေသည်ဟု သိရသည်။

    လက်ရှိ မိုးစပါးရာသီတွင် ကုန်သွယ်ရေးလမ်းပြတ်တောက်နေခြင်းကြောင့် ဓါတ်မြေသြဇာတို့ အမျိုးအစားအပေါ်မူတည်၍ လက်ရှိပေါက်ဈေးထက် တစ်သောင်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်သွားသည့်အပြင် လိုအပ်သလိုဝယ်ယူ၍ မရနေကြောင်း သိရသည်။

    ချောင်းဆုံမြေသြဇာရောင်းဝယ်သူတစ်ဦးက “အခုလောလောဆယ် ဈေးတွေကနည်းနည်းမြင့်နေတယ်၊ ဈေးကပုံမှန်မဟုတ်နေဘူး။ ငါးထောင်လောက်တက်သွားတာရှိတယ်၊ တစ်သောင်းလောက်တက်သွားတာရှိတယ်။ တောင်သူတွေအဝယ်များတဲ့ ပုလဲမြေသြဇာဆိုရင် မော်လမြိုင်မှာပြတ်နေတယ်။ ပစ္စည်းမရှိနေဘူး ထပ်မှာလို့လည်းမရနေဘူး ” ဟု ဆိုသည်။

    မိုးစပါးသွင်းအားစုအတွက် အရေးပါသည့် မြေသြဇာတို့ လက်ရှိဈေးကွက်တွင် ပစ္စည်းပြတ်လတ်နေသည့်အပြင် ဈေးနှုန်းလည်းအဆမတန်မြင့်နေခြင်းကြောင့် ကောက်စိုက်ချိန်ရောက်မှသာ မြေသြဇာပြန်လည်ဝယ်ယူမည်ဟု ဆက်ပြောသည်။

    မိုးစပါးစိုက်တောင်သူတို့သည် ယခုနှစ်မိုးစပါးစိုက်ရာသီတွင် မြေသြဇာ ဝယ်မသုံးနိုင်သည့်အခြေနေနှင့် ရင်ဆိုင်နေရသည့်အပြင် လျော့ချသုံးစွဲနေရသည်ဟု မိုးစပါးစိုက်တောင်သူတစ်ဦးကဆိုသည်။

    ၎င်းက “မြေသြဇာက ဈေးကြီးလို့ ဝယ်လည်းမနိုင်တော့ဘူး။ အစိုးရကလည်း မထုတ်ပေးတော့ဘူး၊ စိုက်ပျိုးတွေဆိုရင်မြေသြဇာမထည့်လည်း နေလို့ရတယ်ဆိုတော့ ဒီနှစ်ကမထည့်တော့ဘူး။ ကျဲပျိုးတွေက မထည့်ရင် မရဘူးဆိုတော့ မနှစ်က တစ်ဧကကို တစ်အိတ်ထည့်နိုင်တဲ့အနေထားဆိုရင် ဒီနှစ်ကတစ်ဧကကို အိတ်တစ်ဝက်လောက်ပဲထည့်နိုင်တော့တယ် ” ဟု ဆိုသည်။

    မိုးစပါးတောင်သူတို့ ဝယ်ယူသုံးစွဲမှုအများဆုံးဖြစ်သည့် ပုလဲဓါတ်မြေသြဇာသည် မေလဆန်းပိုင်းတွင် တစ်အိတ် ၈ သောင်းကျပ်ဈေးရှိရာမှ လက်ရှိ ၈သောင်း၅ အထိဈေးရှိနေသည်ဟု သိရသည်။

    လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် မြေသြဇာ၊စက်သုံးဆီ၊ လုပ်သားငှားရမ်းခတို့ ဈေးနှုန်းကြီးမြင့်နေပြီး ငွေအရင်းအနှီးထုတ်သုံးနိုင်သည့်
    တောင်သူတို့ နည်းပါးနေခြင်းကြောင့် ယခုနှစ်တွင်လည်း စပါးထွက်နှုန်းလျော့ကျနိုင်မည်ဟု တောင်သူတို့က ခန့်မှန်းပြောဆိုလျှက်ရှိသည်။

    ထို့အပြင် စစ်ကောင်စီ လယ်ယာဖွံဖြိုးရေးဌာနမှ သွင်းအားစု ဈေးမြင့်တက်နေသော်လည်း စိုက်ပျိုးစရိတ်ချေးငွေတို့ကို တစ်ဧကကိုတစ်သိန်းခွဲသာပေးချေနေသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks