spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းထိုင်းနယ်စပ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီ ဖိုးချီးမူးစခန်းကို ပူးပေါင်းတပ် သိမ်းပိုက်

    ထိုင်းနယ်စပ်က နောက်ဆုံးလက်ကျန် စစ်ကောင်စီ ဖိုးချီးမူးစခန်းကို ပူးပေါင်းတပ် သိမ်းပိုက်

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြန်မာ-ထိုင်းနယ်စပ်ရှိ နောက်ဆုံးလက်ကျန် စစ်ကောင်စီစခန်းတစ်ခုဖြစ်သည့် ဖိုးချီးမူးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြီးပိုင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အပြည့်အဝ နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ပြီဟု အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) က မေလ ၂၆ ရက်နေ့က ထုတ်ပြန်သည်။

    ဖိုးချီးမူးစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) နှင့် PDF ပူးပေါင်းတပ်တို့က မေလ ၁၈ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး မေလ ၁၉ ရက်နေ့တွင် စခန်းကို အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

    စခန်းကို စတင်တိုက်ခိုက်ခဲ့သည့် မေလ ၁၈ ရက်နေ့ကတည်းက စစ်ကောင်စီအင်အား ၉၀ ကျော်သည် စခန်းစွန့်ခွာထွက်ပြေးခဲ့ကြပြီး မေလ ၁၉ ရက်နေ့တွင် နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။

    ပူးပေါင်းတပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့်ဗုံးကြဲခဲ့သည့်အပြင် မြေပြင်မှ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ မေလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့ပြီးနောက် ဒုတပ်ရင်းမှူး ရန်အောင်နှင့် 2IC မင်းမင်းထွန်းအပါအဝင် တပ်ဖွဲ့ဝင် ၂၃ ဦး လက်နက်ချအညံ့ခံလာခဲ့သည်ဟု ထုတ်ပြန်ထားသည်။

    မေလ ၂၁ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့ဘက်မှ နယ်မြေရှင်းလင်းဆောင်ရွက်စဉ် စစ်ကောင်စီတပ်ဖွဲ့အလောင်းတစ်လောင်းနှင့် အရှင် ၇ ဦး လက်နက်နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဖော်ပြထားသည်။

    ၎င်းပြင် မေလ ၂၂ ရက်နေ့တွင်လည်း တပ်ကြပ်ကြီးအဆင့်ရှိသူ ၂ ဦးအပါအဝင် ၆ ဦး ထပ်မံဖမ်းဆီးရမိခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရမိခဲ့သည် ၂၆ ဦးသည် ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

    ဖိုးချီးမူးစခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး ဖမ်းဆီးရမိပြီး၊ ၂၀ ကျော်သေဆုံးကာ ၂၆ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသည်ဟု SOF က ထုတ်ပြန်ထားသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က Mi35 ဖြင့် နှစ်ကြိမ် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ၎င်းတို့ ပြန်ဆုတ်ပြေးသည့်လမ်းတွင်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနှင့် အမျိုးသားတဦးတို့ကို ပစ်သတ်သွားခဲ့ကြောင်းလည်း SOF က ဆိုထားသည်။

    ထိုင်း-မြန်မာနယ်စပ် ရေသလျှောက်စခန်း၊ မဲသရောထစခန်းနှင့် ကွီလုံတိုင်စခန်းတို့ကို ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်ရရှိထားပြီး နောက်ဆုံးလက်ကျန် ဖိုးချီးမူးစခန်းကိုပါ ထပ်မံသိမ်းပိုက်နိုင်သည့်အတွက် နယ်စပ်တလျှောက်ကို ပူးပေါင်းတပ်ဖွဲ့တို့က အပြည့်အဝ နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

    #crdphoto _ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks