spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ AD နှင့် မွန်တပ်ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု နှစ်ဖက်တပ်တာဝန်ရှိသူပြော

    မွန်ပြည်သစ်ပါတီ AD နှင့် မွန်တပ်ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု နှစ်ဖက်တပ်တာဝန်ရှိသူပြော

    -

    မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD နှင့် မွန်တပ် (Mon Army) တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု နှစ်ဖက်တပ်တာဝန်ရှိသူတို့က ပြောသည်။

    NMSP-AD နှင့် မွန်တပ်တို့ကြား ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်ကြားတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်ဟု လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည်။

    လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် တိုက်ပွားဖြစ်ပွားသည့်သတင်းသည် သတင်းအမှားသာဖြစ်သည်ဟု မွန်တပ် ဒု-တပ်ရင်းမှူး နိုင်တိုင်မွန်က ပြောသည်။

    “တိုက်ပွဲဖြစ်ထားခြင်း မရှိဘူး။ ဒါပေမဲ့ နှစ်ဖက်တပ်ကြား အဆင်မပြေမှုတော့ နည်းနည်းရှိနေတယ်” ဟု ၎င်းက ပြောသည်။

    မွန်ပြည်သစ်ပါတီ AD ကလည်း မွန်တပ်နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း မွန်တပ်နှင့် တွေ့ဆုံဆွေးနွေးရန်အတွက်သာ ရှိနေသည်ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီ AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က “တိုက်ပွဲဖြစ်ပွားတာတော့ မကြားမိဘူး၊ အခုလောလောဆယ် AD တပ်က၊ ပေါက်ပင်ကွင်းရွာဘက်ကို ဆင်းသွားကြတယ်။ မွန်တပ်နဲ့ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ပဲ သိထားတယ်” ဟု ပြောသည်။

    မွန်ပြည်သစ်ပါတီ AD သည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး စစ်ကောင်စီနှင့် ဆန့်ကျင်တိုက်ပွဲဝင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ထားသည်။

    မွန်တပ်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က စတင်ဖွဲ့စည်းထားသည့် မွန်လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်ပြီး ရေးတောင်ပိုင်းနှင့် ရေဖြူမြို့နယ်ဘက်တွင် လှုပ်ရှားနေသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

    စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်သစ်ပါတီ AD၊ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF)၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ ရာမညတပ်၊ မွန်တပ် အစရှိသည့် မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့များ ပေါ်ပေါက်လာခဲ့သည်။

    လက်ရှိတွင် မွန်လက်နက်ကိုင်အဖွဲ့များ မဟာမိတ်အဖြစ် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks