spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းဘီးလင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

    ဘီးလင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘုရားဆိပ်ကျေးရွာအုပ်စု၊ တောင်သူဌေးကုန်းကျေးရွာတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား ၂ ဦးသေဆုံးကာ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

    ဘီးလင်းအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၃ မှ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်ခန့်က ၁၂၀ မမ လက်နက်ကြီး ၈ လုံးဖြင့် တောင်သူဌေးကုန်းကျေးရွာထဲကို ပစ်ခတ်ခဲ့သည်။

    လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် တောင်သူဌေးကုန်းကျေးရွာနေ အသက် ၃၅ နှစ်အရွယ် မမိုးမိုးအေးနှင့် အသက် ၃၀ နှစ်အရွယ် မောင်ရဲလင်းဌေးတို့ ၂ ဦး ကျည်စထိမှန် သေဆုံးခဲ့သည်။

    ၎င်းပြင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့လည်း လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံတို့က ပြောသည်။

    ရန်ကုန်-မော်လမြိုင်ကားလမ်း သထုံနှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရသည့် မေလ ၁၁ ရက်နေ့ကစပြီး စစ်ကောင်စီတပ်တို့မှ ဘီးလင်းနှင့် သထုံကြားရှိ ကျေးရွာများထဲကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်နေသည်ဟု ဒေသခံတို့ထံမှ သိရသည်။  

    တံတားမိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့တွင်ပင် စစ်ကောင်စီ အမတ ၃၁၄ မှ ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အဝန်းကြီးကျေးရွာမှ အသက် ၄၀ ကျော်အရွယ်ရှိ စောဇော်မင်းထွန်းနှင့် နော်မြတ်သိန်းတို့ လင်းမယား ၂ ဦး ကျည်ထိမှန် သေဆုံးသွားခဲ့သည့်အပြင် ကလေးအပါအဝင် ဒေသခံ ၈ ဦးလည်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်။

    ကရင်အမျိုးသားအစည်းအရုံး KNU ၏ ထုတ်ပြန်ထားသည့်အချက်အလက်များအရ ကျုံအိတ်တံတား မိုင်းခွဲခံရသည့် မေလ ၁၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘီးလင်းနှင့် သထုံမြို့နယ်တွင် အရပ်သားပြည်သူ ၅ ဦး သေဆုံးပြီး ကလေးအပါအဝင် ဒေသခံ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

    ၎င်းပြင် ဒေသခံပြည်သူ ၅၀၀၀ ကျော်လည်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည့်အပြင် နေအိမ်ပျက်စီးသွားသည်လည်းရှိသည်ဟု ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks