spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းအစိုးရစာသင်ကျောင်းတွင် တရားဝင် မွန်စာသင်ကြားမည့် စီမံကိန်း အကောင်အထည်ဖော်ရန် မသေချာ

    အစိုးရစာသင်ကျောင်းတွင် တရားဝင် မွန်စာသင်ကြားမည့် စီမံကိန်း အကောင်အထည်ဖော်ရန် မသေချာ

    -

    အစိုးရစာသင်ကျောင်းတွင် တရားဝင် မွန်စာသင်ကြားမည့် ရှေးပြေးစီမံကိန်း (pilot Project) အစီအစဉ် အကောင်အထည်ဖော်နိုင်ရေး မသေချာသည့်အခြေအနေရှိနေသည်။

    အစိုးရစာသင်ကျောင်းတွင် တရားဝင် မွန်စာသင်ကြားမည့် ရှေးပြေးစီမံကိန်း (pilot Project) အစီအစဉ်ကို ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အကောင်အထည်ဖော်ရန် မွန်ပြည်သစ်ပါတီ NMSP နှင့် စစ်ကောင်စီတို့ကြား ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဆွေးနွေးအဘောတူညီထားကြသည်။

    ရှေးပြေးစီမံကိန်းကို မွန်ပြည်နယ်အတွင်းရှိ သံဖြူဇရပ်၊ မုဒုံနှင့် ချောင်းဆုံမြို့နယ်တို့တွင် စမ်းသပ်ကာလအနေဖြင့် ယခု ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် စတင်အကောင်အဖော်ရန် သဘောတူညီထားကြသည်။

    “မွန်ကျေးရွာတွေမှာရှိတဲ့ မူလတန်း အစိုးရစာသင်ကျောင်းတွေမှာ မွန်စာပေကို ကျောင်းချိန်အတွင်း တရားဝင် သင်ကြားသွားဖို့၊ အဲဒီကနေ အလယ်တန်းအဆင့်အထိ သင်ကြားသွားနိုင်ဖို့လည်း အဘောတူထားတာ ရှိတယ်” ဟု ပြီးခဲ့သည့်နှစ် မတ်လ ၃ ရက်နေ့က မွန်အမျိုးသားကျောင်းဆောင်သစ်ရေစက်ချပွဲတစ်ခုတွင် မွန်ပြည်သစ်ပါတီ NMSP တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှက ပြောဆိုခဲ့သည်။

    ယခုပညာသင်နှစ်တွင် အချိန်မီသင်ကြားနိုင်ရန်အတွက် စစ်ကောင်စီလက်အောက်ရှိ တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ ညွှန်းကြားချက်ဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ရေးဆွဲပြီး စစ်ကောင်စီထံ တင်ပြထားသည်။

    သို့သော် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၏ တင်ပြချက်များကို စစ်ကောင်စီဘက်က ယနေ့ချိန်ထိ သတင်းပြန်ကြားလာခြင်းမရှိသည့်အတွက် စီမံကိန်းကိုအကောင်အထည် ဖော်ရန် မဖြစ်နိုင်တော့သည့်အခြေအနေရှိနေသည်။

    “ကျနော့်အထင်တော့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ရပ်လိုက်ကတည်းက ဒီမြို့နယ် ၃ ခုမှာ မွန်စာသင်မယ့်အစီအစဉ်ကလည်း အလိုလိုပြက်ပျယ်သွားတာ ဖြစ်နိုင်တယ်” ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

    မွန်ပြည်သစ်ပါတီသည် အာဏာသိမ်းစစ်ကောင်စီနှင့် ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်နှောင်းပိုင်းခန့်မှစပြီး စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု ဆက်မလုပ်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုထားသည်။

    ၎င်းပြင် အကြမ်းဖက်မှု ကျူးလွန်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်တော့ဘူးဆိုပြီး မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်အချို့ ပါတီမှ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အမည်ဖြင့် စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks