spot_img
Friday, February 27, 2026
More
    spot_img
    Homeသတင်းလေကြောင်းတိုက်ခိုက်မှု ပိုများလာခြင်းကြောင့် သထုံခရိုင်ဒေသခံတို့ စိုးရိမ်နေ

    လေကြောင်းတိုက်ခိုက်မှု ပိုများလာခြင်းကြောင့် သထုံခရိုင်ဒေသခံတို့ စိုးရိမ်နေ

    -

    မွန်ပြည်နယ် သထုံနှင့် ဘီလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားမိုင်းခွဲဖောက်ခံရသည့် မေလ ၁၁ ရက်နေ့မှစ၍ စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်လာပြီး မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ ဒေသခံတို့ စိုးရိမ်နေရသည်ဟု သိရသည်။

    လမ်းပန်းဆက်သွယ်ရေးအခက်ခဲကြောင့် စစ်ကောင်စီတပ်မှ စစ်ကူပို့ဆောင်ရန်ခက်ခဲလာပြီး လေကြောင်းမှဗုံးကျဲတိုက်ခိုက်ခြင်းနှင့် ကင်းလှည့်ခြင်းတို့ကို ပိုမိုလုပ်ဆောင်လာသဖြင့် လေကြောင်းအန္တရာယ် စိုးရိမ်နေရသည်ဟု သထုံခရိုင်ကျေးရွာအနီး နေထိုင်သည့် ဘီလင်းဒေသခံတစ်ဦးက ဆိုသည်။

    “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စိုးရိမ်းနေရတယ်။ ရထားလမ်းလည်းပျက်၊တံတားလည်းပျက်နေတာ။ လမ်းခရီးဖြတ်တောက်ထားတော့ စစ်ကူလာမရတော့ဘူး။ ဒီလိုမျိုးဆိုရင် စကစ က လေယာဉ်တွေ အသုံးများလာမှာပဲ။ အဲ့ကြောင့်ကျွန်တော်တို့က လေယာဉ်ကိုပဲစိုးရိမ်နေရတာ။ အခုတောင်မှ ဘီလင်းဘက်ကို လေယာဉ်နဲ့ ကင်းလှည့်နေတာတွေရှိနေတယ် ” ဟုဆိုသည်။

    ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့တွင် သထုံမြို့နယ် ရွှေကြည်ကျေးရွာ၊ ချောင်းနှစ်ခွဘက်နှင့် မိကျောင်းအိုင်ကျေးရွာ အထက်ဘက်သို့ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

    ၎င်းအပြင် ဘီးလင်းမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုတို့ လှုပ်ရှားသွားလာနေသည့် သတင်းကြောင့် လက်နက်ကြီးနှင့်နေ့စဉ်ပစ်ခတ်နေပြီး မေလ ၁၁ရက်နေ့မှစ၍ ဒေသခံ ၃ ဦးထက်မနည်းသေဆုံးပြီး ၂၀ ဦးကျော်ဒဏ်ရာရရှိကာ ၂ ထောင်ကျော်တိမ်းရှောင်နေရသည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့ထံမှ သိရသည်။

    တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်၏ ဒလန်ရှင်းလင်းရေးတွင် မှားယွင်းပစ်ခတ်မှုများရှိနေသဖြင့် သထုံခရိုင်ရှိဒေသခံတို့ နေ့စဉ်ဘဝ လုံခြုံမှုမရှိနေကြောင်း သိရသည်။

    “ဟိုနေ့က ဦးအုန်းမြင့်ကိုကလေးတွေ(PDF)က လာပစ်တဲ့အချိန်ကဆိုရင် အကုန်လုံးကို ခေါင်းငုံ့ထားခိုင်းတယ်ပေါ့၊ အဲ့တာ လူနှစ်ယောက်က ငုံ့ဖို့လုပ်နေတုန်းမှာ သူတို့(PDF) က ပစ်လိုက်တာ ပေါင်မှာထိသွားလို့ ဆေးရုံတင်ထားရတယ်၊ ဒီအခြေနေနဲ့ဆိုရင် လဘ္ဖက်ရည်ဆိုင်မှာထိုင်ရတာတောင် လုံခြုံမှုမရှိနေဘူး" ၎င်း ဆိုသည်။

    လက်ရှိတွင် စစ်ကောင်စီနှင့်တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်ခဲ့သည့် ကျိုက်ထိုဒေသရှိ ငှက်ပျောတောချောင်းကျေးရွာတို့တွင်လည်း စစ်ကောင်စီထောင်ထားသည့်မြေမြှပ်မိုင်းအန္တရယ်တို့ကိုလည်းစိုးရိမ်နေရသည်ဟု ဆက်ပြောသည်။

    သထုံခရိုင်အတွင်းရှိဒေသခံတို့သည် စစ်ကောင်စီ၏ လေကြောင်းရန်ကို ကာကွယ်ရန်အတွက် ကတုတ်ကျင်းများတူးထားခြင်း ဗုံးခိုကျင်းများတူးဆွကာ နေထိုင်နေရကြောင်း သိရသည်။

    NRFF မှ ထုတ်ပြန်ထားသည့် လဂွန်းအိမ်စာစဉ်တွင် ပြီးခဲ့သည့် မတ်လ ၂၄ ရက်မှ ဧပြီလကုန်အထိ မွန်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်အထိကျူးလွန်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks