spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းကန့်သတ်ပိတ်ဆို့မှုများကြောင့် တနင်္သာရီ စစ်ရှောင်စခန်းတွင် ငှက်ဖျားဆေးဝါးမလုံလောက်နေ

    ကန့်သတ်ပိတ်ဆို့မှုများကြောင့် တနင်္သာရီ စစ်ရှောင်စခန်းတွင် ငှက်ဖျားဆေးဝါးမလုံလောက်နေ

    -

    တနသာင်္ရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှ ဆေးဝါးသွင်းခွင့်ကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် လက်ရှိ စစ်ဘေးရှောင်စခန်းတို့တွင် ငှက်ဖျားဆေး လုံလောက်မှုမရှိနေကြောင်း ကူညီကယ်ဆယ်သူနှင့် ကျန်းမာရေးစောင့်ရှောက်ပေးနေသူတို့ထံမှ သိရသည်။

    တနင်္သာရီဒေသရှိ စစ်ရှောင်စခန်းတို့တွင် ပြီးခဲ့သည့် ဧပြီလနှင့် ယခုမေလအတွင်း စစ်ရှောင်ဦးရေတိုးလာသည့်အပြင် ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားလျှက်ရှိကြောင်း သိရသည်။

    လက်ရှိတွင် ကာကွယ်ကုသရန်အတွက် ငှက်ဖျားစမ်းသတ်ကိရိယာနှင့် ဆေးဝါးတို့အပြင် ဆေးဝါကျွမ်းကျင်အဖြစ်ကုသပေးမည့် ( volunteer ) တို့လည်း ရှားပါးလာသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသည့် နွေဦးမေတ္တာစစ်ဘေးရှောင် ကူညီကယ်ဆယ်သူရေးအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

    “တနင်္သာရီဘက်က ငှက်ဖျားပေါတယ်၊ ဒီလအတွင်း ယာယီစစ်ရှောင်စခန်းမှာ အဖြစ်များလာတယ်၊ ပိတ်ဆို့ခံ ဒေသတွေမှာ ဆေးဝါးမလုံလောက်မှု၊ ဌက်ဖျားစစ်တံ မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတယ်၊ မနှစ်က စုထားတဲ့ဆေးနဲ့ကာမလောက်ဘူးဖြစ်နေတယ်၊ အမြဲတမ်းစစ်ရှောင်ကရွာကအိမ်မှာနေခိုင်းထားတယ်၊ ဌက်ဖျားကုသရေး အဖွဲ့ကစစ်ရှောင်စခန်းမှာကုသဖို့မရောက်ရှိဘူး ” ဟု ၎င်းကဆိုသည်။

    စစ်ရှောင်စခန်းတို့တွင် ဆေးဝါးမလုံမှုကြောင့် မြို့ပေါ်သို့ ဆေးကုသမှုခံယူသူများနှင့် ဆေးဝါးဝယ်ယူသူများကို စစ်ကောင်စီမှ ဖမ်းဆီးစစ်ဆေးမှုလုပ်ဆောင်လျှက်ရှိသည်ဟု သိရသည်။

    လက်ရှိတွင် စုဆောင်းထားသည့် လက်ကျန်ဆေးဝါးများနှင့်သာ ရွာသားများနှင့်စစ်ဘေးရှောင်တို့ကို ကုသမှုလုပ်ဆောင်နေရခြင်းကြောင့် အရေးပေါ်လူနာတို့အတွက် စိုးရိမ်ဖွယ်ဖြစ်ရသည်ဟု ၎င်းအမျိုးသမီးကဆက်ပြောသည်။

    “မြို့ပေါ်ကိုဆေးတက် မဝယ်ရဲသလို ရွာက လူနာဆိုလည်း မြို့ပေါ်တက်မကုရဲကြဘူး၊ ကျမတို့ တကူ ကျေးရွာအုပ်စု သရဘွန်ရွာကဆို အမဲရောင်နယ်မြေသတ်မှတ်ထားတော့၊ ဆေးသွားဝယ်တဲ့သူတွေလဲ အဖမ်းခံရတာရှိတယ်၊ ဆေးရမယ့် လမ်းကြောင်းလည်းမရှိနေဘူး၊ ရွာမှာနေတဲ့သူတွေက ရက်လွန်ဖြစ်ပြီး လာတဲ့လူနာတွေ ဆေးပုလင်းကြီးတွေချိတ်ပြီး ကုသရတဲ့အခါတွေရှိတယ် ”ဟု ၎င်းကပြောသည်။

    အထွေထွေကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် အဆိုပါစစ်ဘေးရှောင်တို့အတွက် စားနပ်ရိက္ခာအပြင် အမိုးအကာ၊ခြင်ထောင်နှင့် ဆေးဝါးတို့ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း သိရသည်။

    ပြီးခဲ့သည့် ဧပြီလအတွင်း တိုက်ပွဲတို့ကြောင့် ထားဝယ်၊သရက်ချောင်း၊ ရေဖြူ၊ပုလောနှင့် တနင်္သာရီမြို့တို့တွင် နေရပ်စွန့်ခွာထွက်ပြေးသူ တိုးလာပြီးစစ်ရှောင်ဦးရေ ၆ သောင်းနီးပါးအထိ ရှိလာသည်ဟု Fe 5 Tanintharyi မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “အစားအသောက် ဆန်တွေဆိုလည်းစစ်ရှောင်တွေလုံလုံလောက်လောက်မရှိဘူး၊ အမိုးအကာအောက်မှာပဲ နေထိုင် ရတယ်၊ ဆေးခြင်တောင်ဆိုလည်းမရှိဘူး။ အမြဲတမ်းစစ်ရှောင်စခန်း ၅ ခုထဲမှာကလူဦးရေ ၆၀၀၀ ဝန်းကျင် ရှိတယ်၊ကျန်တဲ့သူတွေကယာယီရှောင်တယ်၊ ကူညီကယ်ဆယ်သူတွေကလက်လှမ်းမှီသလောက်တော့ လုပ်ပေးနေတယ် "ဟု ဆိုသည်။

    ပြီးခဲ့သည့် မေလယ်ပိုင်းအထိ တနင်္သာရီမြို့ အရှေ့ဘက်ပိုင်းကျေးရွာအုပ်စုတွင် (PV) အမျိုးအစားဌက်ဖျားတွေ့ရှိသူ ၃၅ ဦးရှိနေပြီး၊ တောင်ဘက်ပိုင်းကျေးရွာအုပ်စုတွင်လည်း (PV)ဌက်ဖျားပိုးတွေ့ရှိသူ ၁၁ ဦးရှိသည်ဟု ဒေသတွင်းမီဒီယာတို့၏ ဖော်ပြထားချက်အရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts