spot_img
Thursday, June 13, 2024
More
    spot_img
    Homeသတင်းမြေသားဖို့ထားသည့် ယာယီတံတားလမ်း မိုးရွာသွန်းမှုကြောင့် သွာလာရေးခက်ခဲ

    မြေသားဖို့ထားသည့် ယာယီတံတားလမ်း မိုးရွာသွန်းမှုကြောင့် သွာလာရေးခက်ခဲ

    -

    မွန်ပြည်နယ်၊ ရန်ကုန် – မော်လမြိုင် ကားလမ်းမပေါ်ရှိ မိုင်းထောင်ဖောက်ခွဲခံရသည့် ကျုံအိတ်တံတားအနီး ယာယီလမ်းလွှဲမောင်းနှင်နိုင်ရန် မြေသားဖို့ထားသည့်လမ်းပိုင်းမှ ယနေ့မေလ ၁၇ ရက်နေ့နက်ပိုင်းက မိုးရွာသွန်းမှုကြောင့် သွားလာရေးခက်ခဲလျှက်ရှိကြောင်း သိရသည်။

    ယမန်နေ့ မေလ ၁၆ရက်နေ့မှစ၍ အဆိုပါ ယာယီလမ်းလွှဲနေရာတွင် တစ်လမ်းမောင်းစနစ်ဖြင့် အိမ်စီးကားသေးများကို ဖြတ်သန်းခွင့်ပြုထားသော်လည်း မိုးရွာသွန်းမှုကြောင့် မြေသားဖို့လမ်းပေါ်တွင် မောင်းနှင်ရန် ခက်ခဲလျှက်ရှိသည်ဟု ဘီးလင်းမြို့မှ လူမှုကယ်ဆယ်ရေးအဖွဲ့ဥက္ကဌတစ်ဦးက ဆိုသည်။

    “အစကတော့ ကားလေးတွေ သွားလို့ရတယ် အခု မိုးရွာလို့ ပွတ်တွေထ သွားလို့မရပြန်ဘူး သွားလာရခက်တယ်ပေါ့ ကားတွေ အများကြီးပဲ ပိတ်မိနေတယ်” ဟု ဆိုသည်။

    လက်ရှိတွင် ရန်ကုန်- မော်လမြိုင်ကားလမ်းတစ်လျှောက် အိမ်စီးကားသေးများအပါအဝင် တွဲကားများနှင့် ခရီးသည်တင်ယာဉ်များ ထောင်နှင့်ချီ စောင့်ဆိုင်းနေရကြောင်း သိရသည်။

    ထို့အပြင် တံတားမှရှောင်ကွင်းသွားသည့် ကျေးရွာချင်းဆက်လမ်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုရှိနေပြီး လမ်းရှင်းလင်းရေးအဖွဲ့မှ ထိရောက်စွာ မဆောင်ရွက်နိုင်ခြင်းကြောင့် ယာဉ်ကြီး ယာဉ်ငယ်များ ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

    ပိတ်မိနေသည့် ယာဉ်မောင်းနှင့်ခရီးသည်များကို ပရဟိတအဖွဲ့တို့က ထမင်းထုပ်နှင့် သောက်သုံးရေများ ဝေငှပေးနေသော်လည်း လုံလောက်မှုမရှိသဖြင့်အစားအသောက်ပြတ်လပ်နေသူတချို့လည်း ရှိသည်ဟု ဘီးလင်းဒေသခံတစ်ဦးက ဆိုသည်။

    “အကို့သူငယ်ချင်းဆို နှစ်ရက်ရှိပြီး ထမင်းမစားရပဲ ပိတ်မိနေတာ အကိုကားကတော့ ဝင်လို့မရသေးဘူး အပြင်မှာပဲ ရပ်ထားရတယ် အခုသူ့ကိုထမင်းသွားပို့မလို့ သူက ကုန်ကား ကွမ်းတွေတင်လာတာ ကွမ်းတွေလည်းပုန်ကုန်ပြီးဟု” ဘီးလင်းဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

    လမ်းခရီးကြန့်ကြာမှုကြောင့် မွန်၊ ကရင်၊ တနင်္သာရီမှ ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားနေသည့် ရွာချင်းဆက်လမ်းပိုင်းတွင်လည်း ခရီးသွားပြည်သူများ ထိခိုက်သေဆုံးမှုရှိနေကြောင်း သတင်းများထွက်ပေါ်လျှက်ရှိသည်။

    ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတားမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့းသည့် တံတားတစ်ခြမ်းနှင့် ဘေလီတူတားထိုးထားသည့်အခြမ်းပါပြိုကျပျက်စီစီးခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    25,000SubscribersSubscribe
    spot_img

    Latest posts