Homeသတင်းတနင်္သာရီမြို့နယ်ရှိကျေးရွာတို့တွင် စစ်တပ်မှ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လုံးဝကန့်သတ်ထား

တနင်္သာရီမြို့နယ်ရှိကျေးရွာတို့တွင် စစ်တပ်မှ ကုန်ပစ္စည်းသယ်ဆောင်ခွင့်လုံးဝကန့်သတ်ထား

-

တနင်္သာရီတိုင်းဒေသကြီး၊ တနသာင်္ရီမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်မှလွဲ၍ ကျန်ကျေးရွာများတွင် ဒေသခံတို့က တော်လှန်ရေးအင်အားစုတို့ကို ထောက်ပံ့နေသည်ဟုဆိုကာ ကုန်ပစ္စည်းသယ်ယူခွင့်ကို မြို့နယ်အတွင်းရှိ စစ်ကောင်စီတို့မှ လုံးဝပိတ်ပင်ကန့်သတ်ထားသည်ဟု ဒေသခံတို့ထံမှ သိရသည်။

စစ်တပ်မှ ဆန်နှင့်ကုန်ပစ္စည်းသယ်ယူနေသည့် ကုန်တင်ကားတို့ကို ကုန်ပစ္စည်းသယ်ယူခွင့်မပေးသည့်အတွက် ကျေးလက်ဒေသခံတို့က အုပ်ချုပ်ရေးမှုးထောက်ခံစာနှင့်တစ်လလျှင် ဆန်တစ်အိတ်နှုန်းသာသယ်ယူခွင့်ရနေသည်ဟု ရေဖြူဒေသခံတစ်ဦးကဆိုသည်။

“ရွာတွေဖက်ကို ကျွန်တော်တို့ဆန်တွေဘာတွေသယ်လို့မရနေဘူး။ ဂိတ်တွေက ဆန်မပေးသယ်ခိုင်းဘူး။ ရွာလူကြီးရှိတဲ့ရွာတွေဆိုရင်တော့ တစ်လကိုတစ်အိတ်နှုန်းနဲ့ ထောက်ခံစာနဲ့သွားဝယ်ရတယ်။ တစ်လမှတစ်ကြိမ်ပဲ တစ်အိတ်ပဲဝယ်ခွင့်ရှိတယ် ရွာလူကြီးထောက်ခံစာနဲ့လေ။ ရွာလူကြီးမရှိတဲ့ရွာတွေကတော့ ခြင်းထောင်ထဲထည့် ထမင်းချိုင့်ထဲထည့် တစ်ပြည်နှစ်ပြည် ဝယ်ယူနေရတယ်ပေါ့နော် ” ဟု ဆိုသည်။

ပြီးခဲ့သည့် ဧပြီလ- ၆ ရက်နေ့မှစပြီး ကုန်ကားများဖြတ်သန်းသွားလာခွင့်ကို အပြည့်အဝပိတ်ထားသည်မှာ ရက်ပေါင်းကြာမြင့်နေသည့်အတွက် စားသောက်ကုန်နှင့် စက်သုံးဆီ တို့လည်း ပြတ်လတ်လာကြောင်း သိရသည်။

ထို့ကြောင့် တိုက်ပွဲပြင်းထန်နေသည့် ထားဝယ်အရှေ့ဒေသ(ပုလော၊သရက်ချောင်းမြို့နယ်)တို့တွင် စားနပ်ရိက္ခာရရှိရန် တောလမ်းမှတစ်ဆင့် မြို့ပေါ်သို့ ထိုးဖောက်ဝယ်ယူနေရသည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

“ထားဝယ်ဘက်မှာလည်း ဟိုတောလမ်း၊ ဒီတောလမ်း တောကြိုတောင်ကြာအဲ့လမ်းကနေပြီးတော့ မြို့ကို စားဖိုသောက်ဖို့ဆိုပြီးရှာကြံပြီးတော့ အရဲစွန့်ပြီး သယ်ယူနေရတာများတယ် ” ဟု ဆိုသည်။

စားနပ်ရိက္ခာကို တောလမ်းမှတစ်ဆင့်ဝယ်ယူနေရသည့် ဒေသခံတို့သည် မိုင်းနင်းမိပြီး ဒဏ်ရာရရှိသူများလည်းရှိနေကြောင်း FE5 Tanintharyi ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

တနင်္သာရီမြို့နယ်တွင် တော်လှန်ရေးအဖွဲ့တို့မှ မြေပြင်တိုက်ခိုက်မှုအပြင် ဒရုန်းနှင့်တိုက်ခိုက်မှု မြင့်တက်လာသည့်အတွက် စစ်တပ်မှ ဆန်နှင့်စားနပ်ရိက္ခာ သယ်ယူခွင့် ပိတ်ထားကြောင်း သုတေတနအဖွဲ့တို့မှ သုံးသပ် ပြောဆိုလျှက်ရှိသည်။

FE5 Tanintharyi ၏အစီရင်ခံစာအရ တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း အနည်းဆုံး ၇၅ ကြိမ်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ဦးရေ ၅၉၁၈၀ ဦးရှိသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts