spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းPayap တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ်ကြား အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်မှု စတင်

    Payap တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ်ကြား အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်မှု စတင်

    -

    ထိုင်းနိုင်ငံရှိ Payap တက္ကသိုလ်နှင့် မွန်အမျိုးသားကောလိပ်ကြား အဆင့်မြင့်ပညာရေးပူးပေါင်းဆောင်ရွက်မှု ပထမခြေလှမ်းအနေဖြင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသား/သူ ၈ ဦး Payap တက္ကသိုလ်က ပေးသည့် ပညာသင်ဆုကို ရရှိခဲ့သည်ဟု မွန်အမျိုးသားကောလိပ်တာဝန်ရှိသူထံမှ သိရသည်။

    မွန်အမျိုးသားကောလိပ်နှင့် Payap တက္ကသိုလ်ကြား အဆင့်မြင့်ပညာရေး ပူးပေါင်းဆောင်ရွက်သွားရန်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့က သဘောတူညီချက် (၈) ချက်ပါသည့် နားလည်မှုသဘောတူညီမှုစာချုပ် (Memorandum of Understanding) တရပ်ကို လက်မှတ်ရေးထိုးထားခဲ့ကြသည်။

    Payap တက္ကသိုလ်အနေဖြင့် မွန်အမျိုးသားကောလိပ်ကို အသိအမှတ်ပြုသည့်အနေဖြင့် မွန်အမျိုးသားကောလိပ်မှ ကျောင်းသား၊ ကျောင်သူများကို ပညာသင်ဆုပေးခြင်းဖြစ်သည်ဟု မွန်အမျိုးသားကောလိပ် ကျောင်းအုပ် ဒေါက်တာပညာမွန်က ပြောသည်။

    “မွန်အမျိုးသားကောလိပ် စဖွင့်ကတည်းက ကျနော်တို့ကောလိပ်ကို ဘယ်အစိုးရကမှ အသိအမှတ်ပြုတာ မခံခဲ့ရဘူး။ ကျနော်တို့ဟာကျနော်တို့ ကြိုးစားရုန်ကန်ပြီး တည်ဆောက်လာကြတယ်။ နိုင်ငံတကာအဆင့်မီ Payap လို တက္ကသိုလ်တစ်ခုက ကျနော်တို့ကောလိပ်ကို အခုလို အသိအမှတ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ Payap တက္ကသိုလ်ကနေ ကျနော်တို့ကောလိပ်ကို အသိအမှတ်ပြုလာသလို Payap တက္ကသိုလ်အဆင့်ထိ ရောက်နိုင်အောင်လည်း ကျနော်တို့ကြိုးစားနေပါတယ်” ဟု ဒေါက်တာပညာမွန်က ဆိုသည်။

    မွန်အမျိုးသားကောလိပ်မှ ကျောင်းသူ ၅ ဦးနှင့် ကျောင်းသား ၃ ဦးတို့ Payap တက္ကသိုလ်ကပေးသည့် Diversity and Inclusion Scholarship Program DISP ပညာသင်ဆုနှင့် ပညာသင်နှစ် ၃ နှစ် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။

    လက်ရှိတွင် ပညာသင်ဆုရရှိထားသည့် ကျောင်းသူ၊ ကျောင်းသူများ Payap တက္ကသိုလ်တွင် သွားရောက် ပညာသင်ကြားနိုင်ရန် ပြင်ဆင်နေသည်ဟုလည်း ကျောင်းတာဝန်ရှိသူတို့က ပြောသည်။

    “Payap တက္ကသိုလ်ကို သွားရောက်ဖို့အတွက်လည်း ပြင်ဆင်နေကြတယ်။ ဇူလိုင်လ ၁ ရက်နေ့ မတိုင်ခင် အရောက်သွားရမယ်လေ။ လောလောဆယ် နိုင်ငံကူးလက်မှတ်တွေ ထိုင်းအစိုးရကနေ Education Visa ရဖို့ရယ် အဲဒါကို ကျနော်တို့ ပြင်ဆင်နေပါတယ်။ စကော့လားရှစ် ၃ နှစ် ပေးတယ်၊ Bachelor ဘွဲ့ရဖို့က ၄ နှစ်တက်ရမယ်၊ ကျနော်တို့မှာ ၁ နှစ်၊ ဟိုမှာ ၃ နှစ်ပေါ့” ဟု ဒေါက်တာပညာမွန်က ဆက်ပြောသည်။

    ပညာသင်ဆုရရှိခဲ့သည့် Education and Teaching ဘာသာရပ်ယူထားသည့် ကျောင်းသား မင်းဟံသာပွေးကလည်း “အင်္ဂလိပ်စာ အရည်အသွေးရယ်။ အသိပညာဗဟုသုတ အတွေ့အကြုံသစ်တွေကိုလည်း ကြိုးစားပြီး ဖြည့်ဆည်း လာခဲ့တယ်။ စာလုပ်ချိန် နားချိန်တွေကိုလည်း ကျနော် အစီအစဉ်တကျ စီမံခန့်ခွဲလာခဲ့တယ်။ ကျောင်းမှာ လုပ်တဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ကျနော် တတ်နိုင်သလောက် ပါဝင်အောင် လုပ်လာခဲ့တယ်။ ကျနော်တို့ မွန်အမျိုးသားကောလိပ်ကို နာမည်ကောင်းတစ်ခုရရှိလာအောင် ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

    Payap တက္ကသိုလ်အနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ အစိုးရမဟုတ်သည့် တိုင်းရင်းသားအဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအတွက်လည်း ပညာရေးအခွင့်အလမ်းပေးသည့်အနေနှင့် တစ်နှစ်လျှင် ကျောင်းသား ၁၀ ဦးအထက် ပညာသင်ဆု ပေးသွားရန်ရှိသည်ဟုလည်း သိရသည်။

    မွန်အမျိုးသားကောလိပ်သည် မွန်အမျိုးသား ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတကာတက္ကသိုလ်များတွင် ပညာဆက်လက်သင်ယူနိုင်ရန်ရည်ရွယ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဇွန်လက မွန်ပြည်သစ်ထိန်းချုပ်နယ်မြေရေး ချောင်းဖျားဒေသ ညီစားစခန်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။

    မွန်အမျိုးသားကောလိပ်တွင် Associate Degree အတွက် ဘာသာရပ် (၆) ကို သင်ကြားပေးနေသည့်အပြင် သူနာပြုသိပ္ပံဆေးဘာသာရပ်ကို ဒီဂရီအပြည့်ပေးအပ်ရန် သင်ကြားပေးနေသည့်ကောလိပ်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks