Homeသတင်းရေဖြူတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးသေဆုံး

ရေဖြူတွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး ၂ ဦးသေဆုံး

-

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာဘက်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မောင်နှမတော်စပ်သည့် ကလေး ၂ ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

မေလ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီဝန်းကျင်အချိန်ခန့်က အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီ မောရဝတီရေတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း လက်နက်ကြီးတစ်လုံးသည် ဇာဒီကျေးရွာထဲရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်က်ကွဲခဲ့ကြောင်း ဆိုသည်။

နေအိမ်ပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်တွင်ရှိနေသည့် အသက် ၁၆ နှစ်အရွယ် မောင်ဇော်မျိုးအောင်နှင့် အသက် ၁၁ နှစ်အရွယ် မပွင့်ပွင့်တို့ မောင်နှမ ၂ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု သိရသည်။

“လက်နက်ကြီးက အိမ်တစ်အိမ်ပေါ်ကို ကျသွားတယ်။ အိမ်ကလည်း ပျက်စီးသွားပြီးတော့ အိမ်မှာ ရှိနေတဲ့ ကလေးပေါ့ မောင်နှမ ၂ ယောက်လုံးလည်း သေဆုံးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဇာဒီကျေးရွာဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေသည့် တနင်္သာရီတိုင်းဒေသကြီးတွင် စစ်ကောင်စီတပ်ဘက်က လူနေကျေးရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေသည်။

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် တိုက်ခိုက်ခြင်းကြောင့် လူထိခိုက်တာ၊ သေဆုံးတာတွေအပြင် နေအိမ် မီးလောင်ခြင်း၊ ထိခိုက်ပျက်စီးခြင်းလည်း အများအပြားရှိနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts