Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ကျေးရွာအချို့တွင် UID ကဒ်( ခေါ် ) စမာတ်ကဒ် ဆောင်ရွက်ပေးခြင်းမရှိ

လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအချို့တွင် UID ကဒ်( ခေါ် ) စမာတ်ကဒ် ဆောင်ရွက်ပေးခြင်းမရှိ

-

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မော်လမြိုင်လဝကရုံးမှ စမာတ်ကာဒ်ပြုလုပ်ရန် ကျေးရွာအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိပြီး ကျေးရွာအချို့တွင် လုံခြုံရေးအခြေအနေကြောင့် ဆောင်ရွက်ပေးခြင်းမရှိကြောင်း သိရသည်။

မုဒုံမြို့နယ် ညောင်ကုန်း၊ဝက်တဲကျေးရွာဘက်တွင် လက်ရှိဆောင်ရွက်ပေးလျှက်ရှိသော်လည်း တံခွန်တိုင်၊ နိုင်လှုံ၊ ကျိုက်ရွဲ၊ ကမာဝက်နှင့် ကွမ်လှာကျေးရွာတစ်လျှောက်တွင် ကွင်းဆင်းပေးရန် အစီစဉ်မရှိသေးကြောင်း လဝက ရုံးနှင့်နီးစပ်သည့် မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“အခုက ညောင်းကုန်းကျေးရွာဘက်မှ သူလုပ်ပေးနေတယ်။ ဒါမဲ့ ကိုယ်က သွားလုပ်ဖို့ ဧည်သည့်ဖြစ်နေတော့ သူတို့လက်မခံဘူး။မလုပ်ပေးဘူး။ မလမ ရုံးမှာသွားလုပ်ရင် ပွဲစားနဲ့ဝင်ရတယ်ဆိုတော့ အနည်းဆုံး သုံးသောင်းသူတို့ကိုပေးရတယ် ” ဟု ဆိုသည်။

ထိုကြောင့် မော်လမြိုင် လဝက ရုံးသို့ ကိုယ်တိုင်လုပ်ဆောင်ရာတွင် ပွဲစားခနှင့် ငွေကုန်ကြေးကျ ပိုများမည်ကိုစိုးရိမ်မိကြောင်း ဆက်ပြောသည်။

အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်ဟု ဆိုေသာ်လည်းတွင် တစ်ဦးလျှင်ငွေကျပ် ၃၀၀၀ ကောက်ခံလျှက်ရှိပြီး လူငယ်များ လာရောက်လျှောက်ထားမှု များပြားလျှက်ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“နိုင်ငံခြားထွက်ဖို့အစီစဉ်ရှိတဲ့လူက လိုကိုလိုမှာပဲ။ ပြီးတော့ စမတ်ကဒ်မလိုပဲထွက်လို့ရတယ် ပြောနေတဲ့လူတွေက အရေးပေါ်လိုအပ်လာရင် ၅သိန်ပေးပြီးလုပ်ရတယ်။ အခုကစမတ်ကဒ်မရှိရင်တော့ ပတ်စပို့စာအုပ်တောင်မပေးထုတ်ဘူး။ တစ်ခါတစ်လေ လမ်းမှာလည်း အဲ့စမတ်ကဒ်တွေတောင်းစစ်တာတွေရှိတယ်၊ အဲတာကြောင့် လုပ်တဲ့လူများတယ်"ဟု ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ မော်လမြိုင် လူဝင်မှုကြီးကြပ်ရေးရုံးမှ မတ်လမှစတင်၍ မုဒုံမြို့နယ်တွင် တစ်ပတ်တစ်ရွာနှုန်းဖြင့် UID ကဒ်( ခေါ် ) စမာတ်ကဒ် လုပ်ဆောင်ပေးလျှက်ရှိပြီး အင်တာနက်လိုင်းအခက်ခဲကြောင့် အချိန်ကြန့်ကြာလျှက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့်ဧပြီလမှစပြီး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း၊ နယ်စပ်ဖြတ်ကျော်ခြင်းအပြင် ခရီးသွားလာရာတွင် UID ကဒ်( ခေါ် ) စမာတ်ကဒ် ပြုလုပ်ထားခြင်းရှိမရှိ စစ်ကောင်စီမှ ကန့်သတ်စစ်ဆေးမှု ပိုမိုလုပ်ဆောင်လာကြောင်း သိရသည်။

UID ကာဒ်ဖြင့် ကန့်သတ်မှုလုပ်ဆောင်လာသည့်နောက် နိုင်ငံတစ်ဝှမ်းပြုလုပ်လျှောက်ထားသူတိုးလာပြီး တုံကင်ရရှိရန်၊ ပွဲစားမှတစ်ဆင့်ပြုလုပ်ရန် ငွေကျပ်သိန်းဂဏန်းအထိ ကုန်ကျနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts