Homeသတင်းထားဝယ်မြို့အဝင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေ

ထားဝယ်မြို့အဝင်ဂိတ်တွင် တိုက်ပွဲဖြစ်ပွားနေ

-

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင် စစ်ကောင်စီဂိတ်စခန်းအနီးတွင် ယနေ့ မေလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်ကစပြီး တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီအင်အား ၂၀ ခန့်ဖြင့် အထိုင်ချထားသည့် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က နံနက် ၁၁ နာရီအချိန်ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်လွဲ ၂ နာရီအထိ တိုက်ပွဲဆက်ဖြစ်နေသည်ဟု ဆိုသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက “ဒီဂိတ်ကို မနက်ကစပြီးဝင်တိုက်တာ။ တိုက်တော့ စစ်ကောင်စီက ကားတွေနဲ့ အင်အားထပ်ဖြည့်ပြီး အခုထိတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပါတယ်။ ဂိတ်ကတော့ မြို့အဝင်ဂိတ်ပါ။ ဒီဂိတ်ကိုကျော်တာနဲ့ ထားဝယ်မြို့ထဲကိုရောက်ပါပြီ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ထားဝယ်မြို့အဝင်တွင် တိုက်ပွဲ ပြင်းထန်နေခြင်းကြောင့် စစ်ကောင်စီဘက်မှ မြို့တွင်းလုံခြုံရေးတင်းကြပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အိမ်ရှေ့ပြင်မှာ တိုက်ပွဲဖြစ်နေလို့ဆိုပြီး ကမြောကင်းတံတားကို ပိတ်လိုက်တယ်။ လောင်းလုံးဘက်ကဝင်တဲ့တံတားပေါ့။ တိုက်ပွဲက မြို့အရှေ့ဘက်မှာဖြစ်တာပဲ။ ဒါပေမယ့် မြို့အနောက်ဘက်တံတားကို ဘာလို့ပိတ်လဲတော့အန်တီတို့လည်းမသိဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြပြီး ထိခိုက်မှုအခြေအနေကို မသိရသေးပေ။

မေလအတွင်း စစ်ကောင်စီ ပဲဒက်စခန်းနှင့် ၁၀၂၀ တောင်ကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ သိမ်းပိုက်ခဲ့ပြီး တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts