Homeသတင်းအနင်းရဲကင်းစခန်းရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

အနင်းရဲကင်းစခန်းရှိ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ

-

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာရှိ ရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ မေလ ၈ ရက်နေ့ နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

အနင်းရဲကင်းစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်ပစ်ခတ်မှု နံနက် ၉ နာရီဝန်းကျင်ခန့်အထိ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

“ရွာထဲကလူတွေကတော့ ပစ်ခတ်သံကြားတာနဲ့ ဘေးကင်းလောက်မယ့်နေရာတွေကို ဝင်ပုန်းကြရတာပေါ့။ မနက် ၉ နာရီလောက်ပစ်ခတ်သံတွေ တိတ်သွားပေမယ့်၊ လက်နက်ကြီးအသံတွေကတော့ တစ်ချက်တစ်ချက်ကြားနေရသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အနင်းရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် အမြှောက်တပ် ၃၁၇ မှ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ကူခဲ့သည်လည်း ရှိသည်။

အမြှောက်တပ် ၃၁၇ မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ရွာအတွင်းရှိ လူနေအိမ်အချို့ ထိခိုက်ပျက်ဆီးမှုရှိနေကြောင်း၊ လူထိခိုက်မှု ရှိ၊ မရှိကတော့ တိတိကျကျမသိရသေးကြောင်း အထက်ပါ ဒေသခံက ဆိုသည်။

အနင်းကျေးရွာ ရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်ခံရလေ့ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းကလည်း အနင်းရဲကင်းစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

၎င်းပြင် ဇန်နဝါရီလ ၃၁ ရက်နေ့နံနက်ပိုင်းကလည်း အနင်းကျေးရွာနှင့် ထင်းရှုးကျေးရွာများရှိ ရဲကင်းစခန်းများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ပြန်လည်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ရာနှင့်ချီသည့် ဒေသခံပြည်သူတို့က ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts