spot_img
Tuesday, February 17, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကျောင်းသားလူငယ် ၅၀၀၀ ကျော် ကျောင်းတက်နိုင်ရန်အခက်ခဲရှိနေ

    ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ ကျောင်းသားလူငယ် ၅၀၀၀ ကျော် ကျောင်းတက်နိုင်ရန်အခက်ခဲရှိနေ

    -

    လာမည့် ဇွန်လ ၃ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်မည်ဖြစ်ပြီး ဂျိုင်းမြစ်ဒေသတစ်လျှောက်ရှိ စစ်ဘေးရှောင် ကျောင်းသားလူငယ် ၅၀၀၀ ကျော် ကျောင်းတက်နိုင်ရန် အခက်ခဲဖြစ်နေသည်ဟု စစ်ဘေးရှောင်အရေး ကူညီနေသူတို့ထံမှ သိရသည်။

    စစ်မျက်နှာပြင်ရွာဖြစ်ခဲ့သည့် ဂျိုင်းမြစ်ဝှမ်းအနီး ၊ရမ္မဝတီလမ်းတစ်လျှောက် ကော့သပ်၊ကော့ဇွယ်၊ကော့ဘိန်းနှင့် ကော့ပေါက်ဒေသအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်တွင် အချိန်လပိုင်းကြာသည်အထိ စစ်ဘေးရှောင်နေရသည်။

    အဆိုပါဒေသရှိ ကျောင်းသားလူငယ်တို့ ကျောင်းတက်နိုင်ရန် သက်ဆိုင်သည့် မွန်လူမှုအဖွဲ့အစည်း၊ ကုမ္ပဏီ၊ ပုဂ္ဂလိကကျောင်းတာဝန်ရှိသူတို့နှင့် ညှိနှိုင်းလျှက်ရှိသောလည်း အဆင်မပြေသေးကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

    ‘ကျောင်းက မကြာခင်ဖွင့်တော့မယ် ဂျိုင်းမြစ်ဒေသတစ်လျှောက်က ကျောင်းနေကလေးတွေ ဘယ်မှာကျောင်းတက်ရမလဲဆိုတာ အခုထိမသေချာသေးဘူး၊ အစိုးရဘက်(စစ်ကောင်စီ)ကတော့ ရွာပြန်ဖို့တိုက်တွန်းနေပေမဲ့၊ ကျနော်တို့လောလောဆယ် ရွာပြန်ဖို့က မဖြစ်နိုင်သေးဘူး၊ အဲကြောင့်ကလေးတွေ ကျောင်းတက်နိုင်ဖို့က ဒီလူမှုအဖွဲ့အစည်းတွေကြား၊ ကုမ္ပဏီတွေ ပုဂ္ဂလိကကျောင်းတွေကြား လိုက်ညှိနေတယ်ပေါ့၊ ဒါမဲ့ကျောင်းသားတွေများတော့ သိပ်အဆင်ပြေကြီးတော့မဟုတ်ဘူး၊ ကျနော်တို့စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နိုင်ဖို့ကိစ္စက အရမ်းကြီးမားတဲ့ပြဿနာပါ"စစ်ဘေးရှောင် ကူညီနေသူက  ဆိုသည်။

    ဂျိုင်းမြစ်ဒေသ ရမ္မဝတီလမ်းတစ်လျှောက်က ကျေးရွာပေါင်း ၁၀ ရွာကျော်ရှိ မူကြို၊ မူလတန်း၊အလယ်တန်းနှင့် အထက်တန်းကျောင်းတို့တွင် ကျောင်းသား ကျောင်းသူပေါင်း ၅၀၀၀ ကျော်ရှိနေသည်ဟု သိရသည်။

    စစ်ကောင်စီမှ လာမည့်ပညာသင်နှစ်တွင် အဆိုပါဒေသရှိ စာသင်ကျောင်းအားလုံးမဖြစ်ဖြစ်သည့်နည်းဖြင့် ပြန်လည်ဖွင့်မည်ဆိုသော်လည်း ဘေးလွတ်ရာသို့ တိမ်းရှောင်နေရခြင်းကြောင့် ယခုနှစ်ကျောင်းသားလူငယ်တို့ ပညာသင်ယူနိုင်မည့်အခွင့်အလမ်း နည်းပါးမည်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    " ငွေတတ်နိုင်တဲ့မိဘတွေက ပညာသင်ဖို့လုံခြုံတဲ့နေရာ(မြို့ပေါ်) ကို ထားကြတယ်။ တစ်ချို့မတတ်နိုင်တဲ့မိဘတွေကျတော့ ကလေးတွေကို ထိုင်းပို့လိုက်တာတို့ အဲလိုရှိနေ တယ်။ ဒီနှစ်က ကလေးအတွက် ပညာရေးများစွာထိခိုက်နိုင်တယ်လို့ ကျွန်မမြင်တယ်"ဟု ဆိုသည်။

    လက်ရှိတွင် ကျေးရွာအတွင်း၌ ပြန်လည်ထူထောင်မှုလုပ်ဆောင်ရန် စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးအဖွဲ့မှ နေရပ်ပြန်ရန်တိုက်တွန်းလျှက်ရှိသော်လည်း လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ဒေသခံတို့ မပြန်နိုင်သေးပေ။

    အဆိုပါဒေသရှိ ကျောင်းသားလူငယ်တို့သည် ပြီးခဲ့သည့် မတ်လ ၂၄- ၂၅မှစပြီး ၎င်းတို့မိဘ အုပ်ထိန်းသူနှင့်အတူ ချောင်းဆုံ၊ မော်လမြိုင်မြို့ပေါ်၊ ကော့ကရိတ်နှင့် ဘားအံဘက်သို့ ပြောင်းရွေ့နေထိုင်ခဲ့ရသည်ဟု သိရသည်။

    ပြီးခဲ့သည့်(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် နိုင်ငံတစ်ဝှမ်း ကျောင်းသားပေါင်း ၇ သန်းနှင့် ကျောင်းတက်နှုန်းပြန်လည်မြင့်တက်လာခဲ့သော်လည်း လာမည့်စာသင်နှစ်တွင် ကျောင်းတက်နှုန်း ပြန်လည်လျော့ကျနိုင်မည်ဟုလည်း ရာမည အင်စတီကျူနိုင်ငံရေးသုတေသနဌာန၏ အစီရင်ခံစာတွင် သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks