Homeသတင်းလက်နက်ချ အညံ့ခံခဲ့သည့် စကခ (၁၅) ဒုတပ်မမှူးအပါ တပ်ဖွဲ့ဝင်များ၏ ရုပ်သံ AA ထုတ်ပြန်

လက်နက်ချ အညံ့ခံခဲ့သည့် စကခ (၁၅) ဒုတပ်မမှူးအပါ တပ်ဖွဲ့ဝင်များ၏ ရုပ်သံ AA ထုတ်ပြန်

-

လက်နက်ချ အညံ့ခံခဲ့သည့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ တပ်မိသားစုဝင်များပါဝင်သည့် ရုပ်သံကို ရခိုင့်တပ်တော် AA က ယနေ့ မတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

AA မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားသော ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ စကခ (၁၅) တပ်မဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့သည်ဟု ဆိုသည်။

AA က ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်တွင် ဒဏ်ရာရနေသော စစ်သားများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များ အရေအတွက် ရာနှင့်ချီ ရှိနေသည်ကို တွေ့ရသည်။

စကခ (၁၅) တပ်မဌာနချုပ်ကို AA မှ ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလနောက်ဆုံးအပတ်မှ ထိုးစစ် အရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) တစ်ခုဖြစ်သည့် စကခ (၉) ကျောက်တော် လက်အောက်ခံတပ်ရင်းများအားလုံးနှင့် ခမရ (၅၅၂) တပ်ရင်း၊ ခမရ (၅၆၄) တပ်ရင်း၊ ခမရ (၅၆၅) တပ်ရင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်၊ ခမရ (၅၅၁) တပ်ရင်းတို့ကို သိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက် ရန်သူ့စခန်းများဖြစ်ကြသည့် တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်းတို့အပြင် နခခ-၁ (ကျီးကန်းပြင်) နခခ-၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိထားပြီး အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

#Crd_Photo_ ARAKAN ARMY >> https://www.youtube.com/watch?v=76URMBN3vnE

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts