spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းKNU နယ်မြေတွင် စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

    KNU နယ်မြေတွင် စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦး ဒဏ်ရာရ

    -

    စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေ၊ သထုံမြို့နယ်နှင့် ဖားအံမြို့နယ်တို့တွင် ကလေး ၁ ဦးအပါအဝင် ဒေသခံအရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU က ထုတ်ပြန်ထားချက်အရ သိရသည်။

    ဧပြီလ ၂၀ ရက်နေ့က ဖားအံမြို့နယ်ရှိ အရပ်သားနေထိုင်ရာ ရွာများထဲကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် ထီးနူရွာနေ အသက် ၁၂ နှစ်အရွယ် နော်ချေမူးနှင့် အသက် ၈၅ နှစ်အရွယ် ဖီးပန်းပုတို့ ကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

    ဧပြီလ ၁၈ ရက်နေ့ကလည်း စစ်ကောင်စီ၏ ပိန္နဲတောတပ်စခန်းမှ သထုံမြို့နယ်၊ မင်းလွင်ကျေးအုပ်စုဘက်ကို လက်နက်ကြီး ၄ လုံး ပစ်ခတ်မှုကြောင့် ဝမ်းဘဲအင်းကျေးရွာနေ ဦးရဲဝင်းဆိုသူ ညာဘက်ခြေသလုံး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ဧပြီလ ၂၂ ရက်နေ့က သထုံအခြေစိုက် စစ်ကောင်စီ အမှတ် (၉) ခြေမြန်တပ်ရင်းမှ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ မရမ်းကျေးရွာအတွင်း ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၁ လုံး ထိမှန်ပျက်စီးခဲ့ရသည်။

    စစ်ကောင်စီ လေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပိုင်ပစ္စည်းများ၊ ကားနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks