Tuesday, March 10, 2026
More
    spot_img
    Homeသတင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သို့ ပြန်လည်ဆုတ်ခွာပြီးနောက် ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတို့ပြန်လည်သိမ်းဆည်း

    တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သို့ ပြန်လည်ဆုတ်ခွာပြီးနောက် ကော့ဘိန်းနယ်မြေရဲစခန်းကို စစ်ကောင်စီတို့ပြန်လည်သိမ်းဆည်း

    -

    ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့ ပြီးခဲ့သည့်သင်္ကြန်လွန်ရက်ပိုင်းတွင် ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် စစ်ကောင်စီတပ်တို့ ဝင်ရောက်လာကာ သိမ်းပိုက်ထားသည့် ကော့ဘိန်းရဲစခန်းကို ပြန်လည်သိမ်းယူခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ယမန်နေ့ ဧပြီ ၂၅ နံနက် ၅နာရီကျော်အချိန်ခန့်တွင် စစ်တပ်အင်အား ၂၀၀ကျော်ဖြင့် ကော့ဘိန်းကျေးရွာအတွင်းသို့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ဟု သိရသည်။

    ယနေ့တွင် စစ်ကောင်စီတပ်တို့ကို အင်အားအလုံးအရင်းဖြင့် မတွေ့ရသော်လည်း နေအိမ်၊ ရပ်ကွက်တို့ကြား ပုန်းခိုနေသည်ဟု ကော့ဘိန်းဒေသခံတစ်ဦးက ဆိုသည်။

    “ဒီနေ့စစ်သားတွေက ရွာထဲမှာအလုံးအရင်းနဲ့ မတွေ့နေဘူး၊ ရဲစခန်းဘက်မှာလည်းမရှိနေဘူး၊တစ်ခြားရပ်ကွက် မှာတပ်စွဲပုန်းခိုနေတယ် ရှိရင်ရှိနိုင်တယ်။ ရွာထဲမှာ နေနေ ကြတဲ့သူတွေကလည်း ဘယ်မှလည်းမထွက်ရဲဘူး ” ဟု ကော့ဘိန်းဒေသခံတစ်ဦးကပြောသည်။

    ၎င်းအပြင် ယမန်နေ့ စစ်ကောင်စီတပ်တို့ စစ်ကြောင်းထိုးဝင်ရောက်သည့် လမ်းကြောင်းတွင် ဖြတ်သန်းသွားသည့် အသက် ၁၉ နှစ်အရွယ် ကော့ဘိန်းဒေသခံ အမျိုးသမီးတစ်ဦးကို ပစ်သတ်ခဲ့ပြီး အခြားရွာသားတို့ကိုလည်း စစ်ဆေးမေးမြန်းမှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

    “သူတို့ဘုန်းကြီးကျောင်းဝင်သွားပြီး ရွာကတွေ့တဲ့သူတွေကိုခေါ်သွားစုခိုင်းတယ်။ ဖုန်းစစ်တယ် ဓာတ်ပုံမရိုက်ရ ဆိုပြီးပြောတယ်။ လူငယ်တစ်ဦးကတော့ဓာတ်ပုံရိုက်လို့ သေနတ်နဲ့ထုတာ။ ဆိုင်ကယ်၆ စီးလောက်နဲ့ ဖုန်းကို ယူသွားတာလည်းရှိဘုန်းကြီးကျောင်းကနေ ၉ခွဲလောက်မှာပြန်ထွက်တယ် ”ဟု ၎င်းကော့ဘိန်းဒေသခံက ဆိုသည်။

    မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ကော့ဘိန်းနယ်မြေရဲစခန်းကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် အနီးနားပတ်ဝန်းကျင် ကျေးရွာတို့တွင် တစ်လတိတိ တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

    မွန်-ကရင် ဂျိုင်းမြစ်ဒေသတစ်လျှောက် စစ်ရေးပြင်ထန်ခဲ့သည့် ၁ လတာအတွင်း စစ်ဘေးရှောင်သူဦးရေ တစ်သိန်းကျော်အထိ ရှိလာသည်ဟု ကျိုက်မရောစစ်ဘေးရှောင်အရေး ကူညီနေသူတို့၏ စာရင်းအချက်အလက်အရ သိရသည်။

    ၁ လတာအတွင်း ပစ်ခတ်နေမှုကြောင့် အဆိုပါဒေသတစ်လျှောက် နေအိမ် ၅၀၀ ဝန်းကျင်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒဏ်ရာရသူအပါအဝင် သေဆုံးသူ ၂၀ ကျော်ရှိသည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks