spot_img
Monday, February 16, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုတွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရ

    ကျိုက်ထိုတွင် ဆိုင်ကယ်ကယ်ရီသမားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာ တောင်ပိုင်းရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ်ကယ်ရီသမား ယနေ့နံနက် ၇ နာရီအချိန်ခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

    ကယ်ရီယာဉ်မောင်း ဦးအောင်ကျော်ဦးသည် ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် ဆေးရုံလမ်းထောင့်ရှိ ဆိုင်ကယ်ကယ်ရီဂိတ်တွင်ရှိနေစဉ် ဆိုင်ကယ်စီးလာသည့် အမည်မသိသေနတ်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    “သူက အသက် ၄၀ ကျော်လောက်ရှိမယ်။ ရဲတွေကိုသတင်းလိုက်ပေးနေတာ။ သေနတ်နဲ့ ၅ ချက် ၇ ချက်လောက်ရှိမယ် အပစ်ခံလိုက်ရတာ။ ပွဲချင်းပြီးဆုံးသွားတာမဟုတ်ဘူ။ ခဏအကြာမှာ ဆုံးသွားတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    အသက် ၄၀ အရွယ်ရှိသည့် ဦးအောင်ကျော်ဦးဆိုသူသည် စစ်ကောင်စီအဖွဲ့နှင့် အဆက်အသွယ်ရှိသူဖြစ်ပြီး ရဲတပ်ဖွဲ့တို့နှင့် သတင်းပေးနေသူဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုလျှက်ရှိသည်။

    ၎င်းပစ်ခတ်မှုနှင့် ပတ်သတ်၍ ကျိုက်ထိုဒေသတစ်ဝိုက်ရှိ မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ ထုတ်ပြန်ထားပြောဆိုလာခြင်းမရှိသေးပေ။

    ကျိုက်ထိုမြို့နယ်တွင် ယခုဧပြီလအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်နီးစပ်သူ ၅ ဦးအထိ ပစ်သတ်ခံခဲ့ရပြီး ပြီးခဲ့သည့် မတ်လတစ်လတွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူ ၆ ဦး ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

    အဆိုပါ ပစ်သတ်ခံရသူတို့သည် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဂိတ်ကြေး ကောက်နေသည့် ပြည်သူ့စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီထောက်တိုင်တို့အပြင် စစ်မှူးထမ်းကိစ္စဆိုင်ရာတို့ကို အတင်းအကြပ် ဆောင်ရွက် နေသူတို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks