spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းကော့သပ်ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီ တပ်စွဲနေထိုင်

    ကော့သပ်ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီ တပ်စွဲနေထိုင်

    -

    စစ်ရေးပြင်းထန်လျက်ရှိသည့် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့သပ်ကျေးရွာ ဘုန်းကြီး ကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့တို့က ဝင်ရောက်နေထိုင်တပ်စွဲထားကြောင်း ဒေသခံများထံမှ သိရသည်။

    ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာ တိုက်ခိုက်ခံရမှုဖြစ်စဥ်မတိုင်မီတစ်ရက်အလိုဖြစ်သည့် မတ် လ ၂၆ ရက်နေ့ကစပြီး လူအင်အား ၂၀၀ နီးပါးဖြင့် စစ်ကောင်စီတပ်က ကော့သပ်ကျေးရွာ ဘုန်း ကြီးကျောင်းနှင့် လူနေအိမ်းများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်ခဲ့သည်ဟု ဆိုသည်။

    “ကျောင်းဝင်းထဲမှာ လက်နက်ကြီးတွေ တပ်ဆင်ပြီးတော့ တရနာဘက်ကို ပစ်မှတ်ချိန်ရွယ်ထား တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

    ကော့သပ်ရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်က နေရာဝင်ယူမှုကြောင့် ဆရာ တော်၊ ရဟန်းသံဃာတော်နှင့် ကိုရင်လေးများ အခြားနေရာများသို့ တိမ်းရှောင်နေကြရသည်။  

    ထို့အပြင် သော့ခတ်ပိတ်ထားသည့် ကော့သပ်ဘုန်းကြီးကျောင်း ဆရာတော်၏ အခန်းကို စစ် ကောင်စီတပ်ဖွဲ့ဝင်များက ဖျက်ဆီး၍ ငွေသားနှင့် ပစ္စည်းအများအပြားလည်း ခိုးယူသည်ဟု ဦးဇင်းတပါးက မိန့်သည်။

    “ကျောင်းဝင်းထဲကို သူတို့ (စစ်တပ်) ပေးမဝင်ဘူး၊ ဆရာတော်လည်း သူတို့ဝင်ခွင့်မပေးဘူး” ဟု ဆိုသည်။

    သို့သော် လက်ရှိ ကော့သပ်ဘုန်းကြီးကျောင်းတွင် သက်ကြီးပိုင်း ရဟန်း ၃-၄ ပါးခန့်ရှိနေသေး ကြောင်း၊ စစ်ကောင်စီတပ်က ကျောင်းဝင်းအတွင်း လက်ကိုင်ဖုန်း အသုံးပြုခွင့်ပိတ်ထားကြောင်း အထက်ပါ ဦးဇင်းက မိန့်သည်။

    အလားတူ ကျိုက်မရောမြို့နယ်၊ သံကလောင်ကျေးရွာ ဘုန်းကြီးကျောင်းတွင်လည်း စစ်ကောင်စီ တပ်တို့က ဝင်ရောက်တပ်စွဲနေထိုင်ကြသည်။

    ထို့နောက် သံကလောင်ရွာကျောင်းထိုင်ဆရာတော် ဦးဝါယမကို ဧပြီလ ၁၄ ရက်နေ့က တရနာရွာ အဝင် ကျွန်းကုန်းပိုင်း လမ်းလေခွနေရာတွင် အသင့်နေရာယူထားသည့် စစ်ကောင်စီတပ်တို့က ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်သတ်ခဲ့သေးသည်။

    ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရဲစခန်း သိမ်းပိုက်ခံရသည့် မတ်လ ၂၅ ရက်နေ့နောက်ပိုင်းကျိုက်မရောဒေသ၊ ရမ္မဝတီလမ်းတလျှောက်ရှိ ကော့သပ်၊ ကော့စွယ်၊ တရနာ၊ သံကလောင်ကျေးရွာ ဘုန်းကြီးကျောင်းများနှင့် အထပ်မြင့်လူနေတိုက်အိမ်များတွင် စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲ နေထိုင်ပြီး ခုခံစစ်အတွက် ပြင်ဆင်လိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts