spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းမြဝတီသို့ စစ်ကူလာသည့် စစ်ကြောင်း ဆက်တိုက် တိုက်ခိုက်ခံနေရ

    မြဝတီသို့ စစ်ကူလာသည့် စစ်ကြောင်း ဆက်တိုက် တိုက်ခိုက်ခံနေရ

    -

    စစ်ကောင်စီမှ နိုင်ငံတော်အဆင့်စစ်ဆင်ရေးဖြင့် မြဝတီတိုက်ပွဲသို့ အင်အားဖြည့်တင်းနေသော စစ်ကြောင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်များမှ ကြားဖြတ်တိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း သိရသည်။

    စစ်ကောင်စီ၏ အင်အားဖြည့်စစ်ယာဉ်တန်းကို ဒေါနတောင်ခြေတွင် ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်၏ သံချပ်ကာကား အပါအဝင် ယာဉ်အချို့ပျက်စီးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း မြေပြင်ရဲဘော်တို့ထံမှ သိရသည်။

    မြဝတီမြို့ကို ကရင်အမျိုးသားအစည်းအရုံးနှင့်အဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် နယ်စပ်တွင် ခိုလှုံနေသော ခမရ ၂၇၅ တပ်သို့ စစ်ကောင်စီမှ အင်အားဖြည့်တင်းကာ မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

    “စစ်ကောင်စီဘက်ကတော့ စစ်ကူတွေ တောက်လျောက် ပို့နေတာအားလုံးအသိပါပဲ။ ကျွန်တော်တို့အနေနဲ့ကလည်း ဒီမြို့ကို အခုလိုစပြီးတိုက်ခိုက်ကတည်းက စစ်ကောင်စီအင်အားဖြည့်လာနိုင်တဲ့လမ်းကြောင်းတွေကိုကြိုတင်တွက်စထားပြီးသားပါ။ လက်ရှိမှာဆိုရင် စစ်ကောင်စီအင်အားဖြည့်နိုင်တဲ့လမ်း ၅ လမ်းလုံးကို ကျနော်တို့ဘက်က ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်” ဟု ကောဘရာစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၎င်းပြင် ကော့ကရိတ်မြို့ပေါ်တွင် နေရာယူထားသော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့အချို့ တပ်ပြန်ရုတ်သိမ်းထားပြီး စစ်ကောင်စီအင်အားဖြည့်လမ်းကြောင်းများကို ကြားဖြတ်တိုက်ခိုက်ရေးများ လုပ်ဆောင်နေကြောင်း မြေပြင်ရဲဘော်ထံမှ သိရသည်။

    ဧပြီလ ၁၁ ရက်နေ့တွင် မြဝတီမြို့၏ နောက်ဆုံးမြို့စောင့်တပ် ခလရ ၂၇၅ ကို တော်လှန်ရေးပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ပြီးချိန်မှ စတင်ကာ စစ်ကောင်စီမှ မြဝတီမြို့သို့ စစ်ကူများ ဆက်တိုက်စေလွှတ်နေခြင်းဖြစ်သည်။

    ဧပြီလ ၁၂ ရက်နေ့တွင် မြဝတီသို့ တက်လာသောစစ်ကောင်စီယာဉ်တန်း တံတားအနီးတွင် တိုက်ခိုက်ခံရပြီး အကျအဆုံးများခဲ့သေးသည်။

    စစ်ကောင်စီမှ မြဝတီမြို့ကိုပြန်လည်ရရှိရေး ”အောင်ဇေယျ စစ်ဆင်ရေး” အမည်ဖြင့် နိုင်ငံတော်အဆင့်စစ်ဆင်ရေး လုပ်ဆောင်နေသော်လည်း စစ်ကောင်စီ၏ စစ်ကူစစ်ကြောင်းမှာ ဒေါနတောင်ခြေတွင် ပိတ်ဆို့နေဆဲ ဖြစ်သည်။

    စစ်ကောင်စီမှ မြဝတီမြို့သို့ လေကြောင်းမှ တိုက်ခိုက်မှုများဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သားသေဆုံးမှု ၁၀ ဦးနှင့်အထက်ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks