spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းရတခဌာနချုပ်ကို ရောက်လာသည့် ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    ရတခဌာနချုပ်ကို ရောက်လာသည့် ဒု-စစ်ခေါင်းဆောင်စိုးဝင်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ

    -

    ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့အခြေစိုက် အရှေ့ တောင်တိုင်းစစ်ဌာနချုပ် (ရတခ) ကို ရောက်ရှိလာသည့် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်းနှင့်အဖွဲ့အား တော်လှန်ရေးတပ်ဖွဲ့တို့က ကာမီကာဇေ ဒရုန်းနှစ်စီး ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

    စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းနှင့်အဖွဲ့သည် မော်လမြိုင်မြို့ ရခိုင်ကုန်းရပ်ကွက်ရှိ ရတခ စစ်ဌာနချုပ်အတွင်း စစ်ဆင်ရေးကွပ်ကဲမှု အစည်းအဝေးလုပ်နေကြောင်း သတင်းရရှိသော ကြောင့် ဧပြီလ ၈ ရက်နေ့၊ ညနေ ၅ နာရီ ၁၀ မိနစ်ခန့်မှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဟု ရှာထူးဝေါ် နည်းပညာဌာန၏ Alpha Bats Drone Force တပ်ခွဲက ထုတ်ပြန်ထားသည်။

    “ကာမီကာဇေ နှစ်စီးပါဗျ၊ (နောက်ဆက်တွဲ ထိခိုက်မှုနှင့်ပတ်သက်ပြီး) အခုထိတော့ အသေးစိတ် အခြေအနေ သိရအောင် လုပ်နေဆဲပါ” ဟု Alpha Bats Drone Force တပ်ခွဲမှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက IMNA ကို ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုကြောင့် ဒုချုပ်စိုးဝင်းနှင့် ရတခတိုင်းမှုးတို့ အစည်းအဝေး ကျင်းပနေရင်း ချက်ချင်းရပ်ကာ ရုံးဆင်းသွားပြီး ဖော်ကာနှင့် ဂျက်နှစ်စီးလည်း နောက်ထပ်တိုက်ခိုက်လာမည်ကို စိုးရိမ်ကာ အားချင်း တက်ပျံသွားကြောင်းလည်း Alpha Bats Drone Force ၏ ထုတ်ပြန်ချက် အရ သိရသည်။

    ရတခ စစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ည ၉ နာရီအချိန်ခန့်တွင် မော်လမြိုင် မြို့ပေါ်၌ လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားရပြီး ယနေ့အထိလည်း မြို့အဝင်အထွက် နေရာအနှံကို လုံခြုံရေး တင်းကြပ်ထားသည်ဟု မြို့ခံများ၏ပြောပြချက်အရ သိရသည်။

    ရတခ စစ်ဌာနချုပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ည ၉ နာရီအချိန်ခန့်တွင် မော်လမြိုင် မြို့ပေါ်၌ လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားရပြီး ယနေ့အထိလည်း မြို့အဝင်အထွက် နေရာအနှံကို လုံခြုံရေး တင်းကြပ်ထားသည်ဟု မြို့ခံများ၏ပြောပြချက်အရ သိရသည်။

    ယင်းကိစ္စနှင့်ပတ်သက်ပြီး “မြို့ထဲကို တော်လှန်ရေးတပ်တွေ ဝင်လာမှာကြောက်လို့ မြို့အစပ်တွေကို တပ်လှန့်တယ်လို့ပဲ ထင်ရတယ်” ဟု Alpha Bats Drone Force တပ်ခွဲမှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

    ထို့ကြောင့် လက်ရှိ တော်လှန်ရေးကအရှိန်ကောင်းလာပြီဖြစ်သောကြောင့် ပြည်သူလူထုအနေဖြင့် ဆက်ပြီး တောင့်ခံပေးကြဖို့နှင့် မိမိနိုင်သည့်နေရာမှာ ပါဝင်ကူညီပေးကြဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

    အလားတူ လွန်ခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း မုဒုံမြို့နယ်၊ ကော့ပရံ လေဆိပ်နှင့် ဆိပ်ကမ်း စီမံကိန်းဧရိယာအတွင်းသို့ ရောက်ရှိလာသည့် စစ်ကောင်စီဝင် ဒုတိယဝန်ကြီးချုပ် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့ကို KNDO တပ်ရင်း (၆) ဒရုန်းအဖွဲ့နှင့် မုဒုံပကဖတော်လှန်ရေးတပ်ဖွဲ့တို့က ဒရုန်းဗုံးသီးတစ်လုံးဖြင့် တိုက်ခိုက်ခဲ့သေးသည်။

    လက်ရှိ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှုးအဖြစ် အသစ်ခန့်အပ်ထားသည့် ဗိုလ်မှူးချုပ် ကျော်လင်းမောင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၄၀ (DSA 40) ဖြစ်ပြီး ယခုနှစ် မတ်လ (၁၉) ရက်ဝန်ကျင်းကမှ မော်လမြိုင် (ရတခ) စစ်ဌာနချုပ်ကို ပြောင်းရွေ့ရောက်ရှိလာခဲ့သည်။

    မွန်နဲ့ ကရင်ဒေသက ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ရေးတာဝန်တွေကို တာဝန်ယူကိုင်တွယ် ရတဲ့ ရတခစစ်ဌာနချုပ် တိုင်းမှုးနေရာကို စစ်ကောင်စီက အပြောင်းအလဲ ပြုလုပ်ပြီးနောက် မွန်၊ ကရင်ဒေသများတွင် လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks