Home သတင်း ရေး-ထားဝယ်လမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်နှင့် မဟာမိတ်တပ်ဖွဲ့တို့ နေ့စဉ်စစ်ဆေးနေ

ရေး-ထားဝယ်လမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်နှင့် မဟာမိတ်တပ်ဖွဲ့တို့ နေ့စဉ်စစ်ဆေးနေ

မွန်ပြည်နယ်၊ ရေးမြို့တောင်ပိုင်းမှ တနင်္သာရီတိုင်း သရက်ချောင်းမြို့နယ်အထိ အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က လုံခြုံရေးစစ်ဆေးနေသည်ဟု မွန်တော်လှန် ရေးတပ် MSRF က ယနေ့ ဧပြီလ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ရေး-ထားဝယ် အမှတ် – ၈ ပြည်ထောင်စုလမ်းပိုင်းကို ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကစပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့က စိုးမိုးနေရာယူထားပြီး ခရီးသွားပြည်သူများ၏ လုံခြုံရေးအတွက် နေ့စဉ် တွေ့ဆုံစစ်ဆေးလျှက်ရှိသည်ဟု ဆိုထားသည်။

အဆိုပါ လမ်းပိုင်းကို မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်း၊ မြန်မာနိုင်ငံလုံဆိုင်ရာ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း – (၁) ၊ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) – ဒေါနတပ်ခွဲ(၄)၊ ထားဝယ်ကာကွယ်ရေးအဖွဲ့ (DDT) – ဒေါနတပ်ခွဲ(၇)၊ ဝေဟင်‌ဒေါနတပ်ခွဲ(၆)၊ ထားဝယ် တပ်ရင်း(၁)၊ ရေးသိမ်းငှက်၊ Ye Defense Force(YDF)၊ ရေးပြောက်ကျားတပ် (YGF) ဒေါနတပ်ခွဲ – (၃)၊ Ye Air Force(YAF) မဟာမိတ်ပူးပေါင်းတပ်တို့က ထိန်းချုပ်စိုးမိုးထားခြင်းဖြစ်သည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တို့က မတ်လ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ်ရှိ မလွှဲတောင်ဂိတ်စခန်းကို SF-Z လေယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ လေယာဉ် ၃ စီးဖြင့် ရေဖြူမြို့နယ်၊ ကလော့သိုင်း၊ ရာဖူး၊ အလယ်စခန်း၊ ကျွဲတလင်း အစရှိသည့် ကျေးရွာဘက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု MSRF က ထုတ်ပြန်သည်။

တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တို့က မတ်လ ၃၁ ရက်နေ့မှစပြီး ခရီးသွားပြည်သူများကို နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ခရီးသွားလာကြရန် သတိပေးထုတ်ပြန်ထားသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.