spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်တွင် မတ်လအတွင်း စစ်ကောင်စီနှင့်နီးစပ်သူ ၆ ဦးပစ်သတ်ခံရ

    ကျိုက်ထိုမြို့နယ်တွင် မတ်လအတွင်း စစ်ကောင်စီနှင့်နီးစပ်သူ ၆ ဦးပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ တစ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် နီးစပ်သူ  ၆ ဦးပစ်ခတ်ခံရသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

    ပစ်သတ်ခံရသူတို့သည် အုပ်ချုပ်ရေးမှုး၊ ဘုန်းကြီး၊ ဆယ်အိမ်မှုး၊ ရာအိမ်မှုးနှင့် ပျူစောထီးတို့ဖြစ်ပြီး အဓိကအားဖြင့် စစ်မှုထမ်းကိစ္စဆိုင်ရာတို့ကို အတင်းအကြပ်ဆောင်ရွက်နေခြင်းကြောင့် ပစ်သတ်ခံခဲ့ရသည်ဟု ကျိုက်ထိုမြို့ အရပ်ဘက်အဖွဲ့အစည်းတွင်လှုပ်ရှားနေသူတစ်ဦးက ဆိုသည်။

    “အုပ်ချုပ်ရေးမှုးက တစ်ယောက်ပဲသေသွားတယ်။ ကျန်တဲ့သူတွေကတော့ စစ်ထောက်တိုင်တွေ အကုန်လုံးက ၆ယောက်သေသွားတယ်။ ကျန်နေတဲ့ အုပ်ချုပ်ရေးမှူးတွေကလည်း တိမ်းရှောင်နေကြရတယ်။ ရှင်းရှင်းပြောရရင် သူတို့လည်းကြောက်နေတောပေါ့  ” ဟုဆိုသည်။

    စစ်ကောင်စီနှင့်ပူးပေါင်း၍ ရပ်ကွက်အုပ်ချုပ်မှုဆိုင်ရာ စစ်မှုထမ်းဥပဒေကိစ္စဆိုင်ရာတို့ကို အတင်းအကြပ်ဆောင်ရွက်နေသူတို့ ဆက်တိုက်ပစ်ခတ်ခံရပြီးနောက် ကျန်ရှိနေသည့် အုပ်ချုပ်ရေးမှုတို့လည်း တိမ်းရှောင်နေရသည်ဟု သိသည်။

    ကျိုက်ထိုမြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုအများစု တိမ်ရှောင်နေရသဖြင့် ဒေသခံများခရီးသွားလာရာတွင်ဖြစ်စေ ထောက်ခံချက်တစ်စုံတစ်ရာ လိုအပ်သည့်အချိန်တွင်ဖြစ်စေ အခက်ကြုံတွေ့နေရသည်ဟု ကျိုက်ထိုဒေသခံတစ်ဦးက  ဆိုသည်။

    “အခုက ခရီးသွားရင် ထောက်ခံစာတွေလုပ်ဆောင်နေရတယ်လေ ပြီးတော့ ကုမ္ပဏီဝန်ထမ်းတွက အကျင့်စာရိတ္တကောင်းမွန်ကြောင်းကို သုံးနှစ်တစ်ခါ လုပ်ဆောင်နေရတာရှိတယ်လေ။ အဲလိုဆိုတော့သူတို့အတွက် ခက်ခဲသွားတာပေ့ါ။ အုပ်ချုပ်ရေးမှုးရှောင်ရင် ကျန်တဲ့စာရေးမတွေကလည်းရှာမတွေ့နေဘူး။ ပျူစောထီးတွေကလည်းအခုတစ်လော မတွေ့နေဘူး ” ဟုဆိုသည်။

    ၎င်းအပြင် ယမန်နေ့ ဧပြီလ- ၁ ရက်နေ့တွင်လည်း ကော့စံနိုင်ရပ်ကွက်နေစကစ သတင်းပေးသူ ဦးမြအေးကို ကျိုက်ထိုတော်လှန်ရေးအင်အားစုမှ ရှင်းလင်းခဲ့သေးသည်။

     စစ်မှုထမ်းဉပဒေကို အကောင်ထည်ဖော်ဆောင်ရွက်ရာ၌ ကိုယ်တိုင်ကိုယ်ကျပါဝင်သူနှင့် ပူးပေါင်းဆောင်ရွက်သူများကို ထိရောက်စွာအရေးယူသွားမည်ဟု  ကျိုက်ထိုမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအင်အားစုမှ ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ထုတ်ပြန်ထားသည်။

    ထို့အပြင် စစ်ကောင်စီ၏ မမျှတသော လုပ်ဆောင်မှုတို့ကြောင့် ယခုကဲ့သို့သတ်ဖြတ်မှုများပိုများလာရသည်ဟု နိုင်ငံရေးသုံးသပ်သူတို့အကြား ပြောဆိုမှုရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks