Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မှ စစ်မှုထမ်းဆောင်ရန်  ၆ ဦး စာရင်းသွင်းထား

    ရေးမြို့နယ်မှ စစ်မှုထမ်းဆောင်ရန်  ၆ ဦး စာရင်းသွင်းထား

    -

    မွန်ပြည်နယ် ၊ရေးမြို့နယ်မှ စစ်ကောင်စီ စစ်မှုထမ်းသင်တန်းတက်ရောက်ရန်  အုပ်ချုပ်ရေးမှူးများက ဒေသခံ ၆ဦးကို စာရင်းသွင်းထားသည်ဟု  သိရသည်။

    ရေးမြို့နယ်တွင် စစ်သင်တန်း ပထမသုတ်အတွက် ဒေသခံ ၇၅ ဦး ပို့ဆောင်ရန် စစ်ကောင်စီမှ ညွှန်ကြားထားသော်လည်း စစ်မှုထမ်းလိုသူ မရှိခြင်းကြောင့်  တစ်မြို့နယ်လုံးအတွက် ဒေသခံ ၆ ဦးသာ ရရှိထားကြောင်း အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “ ၃လပိုင်းကနေ ၅လပိုင်းအထိပေါ့ ၁လကို ၂၅ယောက် သူတို့ယူတယ် ကျတော်တို့ရေးမြို့က မပေးနိုင်ဘူးလေ စာရင်းတော့ ကောက်နေဆဲပဲ အခုစာရင်းတိတိကျကျ ရထားတာက သုံးရွာမှာ ၆ယောက်ပဲ ရထားသေးတယ် တခြားရွာတွေက မရသေးပါဘူး” ဟု ဆိုသည်။

    အဆိုပါ စစ်မှုထမ်းဆောင်ရန် ရွေးချယ်ထားသည့် ဒေသခံ ၆ဦးတို့ကို မော်လမြိုင် အရှေ့တောင် စစ်ဌာနချုပ်သို့ မတ်လ ၃၀ ရက်နေ့တွင် အရောက်ပို့ဆောင်ရမည်ဖြစ်သော်လည်း  လက်ရှိ ရေး – ေမာ်လမြိုင် ကားလမ်းကြီးတစ်လျှောက်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့ လုံခြုံရေးတင်းကြပ်ထားခြင်းကြောင့် သွားရောက်ပို့ဆောင်ရန် အခက်ခဲရှိနေကြောင်းလည်း ဆက်ပြောသည်။

    “ သူတို့(စစ်ကောင်စီ)ဘက်က တောင်းနေတယ်ပေါ့၊ ဒီဘက်ကလည်း ပို့ပေးဖို့ အဆင်မပြေကြဘူးလေ၊ မတ်လ နောက်ဆုံးလို့ပြောတယ် အခုက ၂ရက်ကျော်ပြီးပေါ့ သူတို့ဘက်ကလောလောဆယ် ဘာမှ ပြန်မပြောသေးဘူး ”  ၎င်း အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူက ဆိုသည်။

    ရေးမြို့နယ်မှ စစ်မှုထမ်းဆောင်ရန်အတွက် ကျေးရွာအုပ်စုတစ်စုလျှင် ဒေသခံရွာသား ၂ ဦး ၊ရေးမြို့ပေါ် ရပ်ကွက်တစ်ခုလျှင် ၂ ဦးနှုန်းဖြင့် ရွေးချယ်ပြီး မတ်လ ၃၀ ရက်နေ့တွင် နောက်ဆုံးထားပေးပို့ရန် စစ်ကောင်စီက ညွန်ကြားထားသည်။

     ယခု စစ်မှုထမ်းမည့် လူ ၆ ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်၅ သိန်းနှုန်းဖြင့် ထောက်ပံ့စရိတ် ပေးအပ်ထားကြောင်းလည်း သိရသည်။

    အလားတူ ပေါင်မြို့နယ်တွင် စစ်မှုထမ်းသူမရှိခြင်းကြောင့် ဆန္ဒပြုလျှောက်ထားသူ ၁၀ ဦးကျော်ကိုသာ စာရင်းသွင်းထားရပြီး ကျိုက်ထိုမြို့တွင်လည်း စစ်မှုထမ်းကိစ္စဆောင်ရွက်နေသူတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ မကြာခဏ ပစ်ခတ်နေခြင်းကြောင့် စစ်မှုထမ်းသူမရှိသေးပေ။

    မွန်ပြည်နယ်တွင် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့က စစ်မှုထမ်းဥပဒေ အကောင်တည်ဖော်ရာဆောင်ရွက်နေသူများကို အရေးယူရန် စာထုတ်ပြန်ထားခြင်းကြောင့် ရပ်ကျေးအုပ်ချုပ်ရေမှူးတချို့ နုတ်ထွက်မှုရှိလာသလို စစ်မှုထမ်းကိစ္စအတွက် ပေါ်ပေါ်ထင်ထင် မလှုပ်ရှားရဲကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks