Wednesday, March 18, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ် ကလော့ကြီးရွာ အခြေစိုက်စစ်ကောင်စီအမြှောက်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေ

    ရေးမြို့နယ် ကလော့ကြီးရွာ အခြေစိုက်စစ်ကောင်စီအမြှောက်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးရွာ စစ်ကောင်စီအခြေစိုက် ၃၁၆ အမြှောက်တပ်မှ လက်နက်ကြီးဖြင့် ကျေးရွာ အပြင်ဘက်သို့ လှမ်းပစ်ခတ်နေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခတ်နေမှုကြောင့် ကလော့ကြီးကျေးရွာအုပ်စုနှင့် အနီးနားရှိဒေသခံများ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်လျက်ရှိသည်ဟု ကလော့ရွာကြီးမှ ဒေသခံတစ်ဦးကပြောသည်။

     “ရွာအပြင်ဘက်ကိုပဲပစ်နေတယ်။ သုံးချက်လောက်ပစ်ခတ်တယ်။ မာန်အောင်ရွာဘက်မှာ ကျတယ်လို့ ကြားတယ်။ သူတို့တပ်ရင်းအနားက ကလော့ရွာပဲရှိတယ်။ လူတွေထိခိုက်တာတော့မရှိဘူး။ တစ်ခုခုသတင်းရရင် အမြှောက်တပ်ကနေ ပစ်နေကျပါပဲ ” ဟု ၎င်းကပြောသည်။

    ကလော့ကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များကသွားလာလှုပ်ရှားခြင်းမရှိဘဲ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

    ထို့ကြောင့် ကလော့ကြီးရွာအခြေစိုက် ၃၁၆ အမြှောက်တပ်အနီးနားရှိ ကလော့လေး၊ ဝဲရက်၊ ကလော့ကြီး၊ဟံဂံ၊ ကိုမိုင်း ၊ မာန်အောင် ကျုံလောင်းစသည့် ရွာတို့မှ ဒေသခံများကတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်လျှက်ရှိသည်။

    အလားတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာကျေးရွာအခြေစိုက်စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်မတ်လ ၃၁ရက်နေ့တွင်လက်နက်ကြီးဖြင့်ရမ်းသမ်းမှုရှိခဲ့သည်ဟု ခေါဇာမြို့ခံတို့ထံမှသိရသည်။

    ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရေးမြို့နယ်တောင်ပိုင်းတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့က စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်သဖြင့် ပြည်သူများ အသွားအလာသတိပြုကြရန် မွန်ပြည်တော့်လှန်ရေးတပ် MSRF မှ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တောင်ပိုင်းတွင် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့မှ ပြည်သူတို့၏ လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထုတ်ပြန်လာသည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လျှက်ရှိခြင်းကြောင့် တိုက်ပွဲအခြေအနေအတွက် စိုးရိမ်မကင်းဖြစ်နေကြောငး သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks