spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းရေးမြို့နယ် ကလော့ကြီးရွာ အခြေစိုက်စစ်ကောင်စီအမြှောက်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေ

    ရေးမြို့နယ် ကလော့ကြီးရွာ အခြေစိုက်စစ်ကောင်စီအမြှောက်တပ်မှလက်နက်ကြီးဖြင့် ပစ်ခတ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကြီးရွာ စစ်ကောင်စီအခြေစိုက် ၃၁၆ အမြှောက်တပ်မှ လက်နက်ကြီးဖြင့် ကျေးရွာ အပြင်ဘက်သို့ လှမ်းပစ်ခတ်နေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်တို့ထံမှ သိရသည်။

    ယနေ့ ဧပြီလ ၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ၅ ကြိမ်ထက်မနည်း လှမ်းပစ်ခတ်နေမှုကြောင့် ကလော့ကြီးကျေးရွာအုပ်စုနှင့် အနီးနားရှိဒေသခံများ တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်လျက်ရှိသည်ဟု ကလော့ရွာကြီးမှ ဒေသခံတစ်ဦးကပြောသည်။

     “ရွာအပြင်ဘက်ကိုပဲပစ်နေတယ်။ သုံးချက်လောက်ပစ်ခတ်တယ်။ မာန်အောင်ရွာဘက်မှာ ကျတယ်လို့ ကြားတယ်။ သူတို့တပ်ရင်းအနားက ကလော့ရွာပဲရှိတယ်။ လူတွေထိခိုက်တာတော့မရှိဘူး။ တစ်ခုခုသတင်းရရင် အမြှောက်တပ်ကနေ ပစ်နေကျပါပဲ ” ဟု ၎င်းကပြောသည်။

    ကလော့ကျေးရွာတွင် တော်လှန်ရေးတပ်ဖွဲ့များကသွားလာလှုပ်ရှားခြင်းမရှိဘဲ မည်သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရှိနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

    ထို့ကြောင့် ကလော့ကြီးရွာအခြေစိုက် ၃၁၆ အမြှောက်တပ်အနီးနားရှိ ကလော့လေး၊ ဝဲရက်၊ ကလော့ကြီး၊ဟံဂံ၊ ကိုမိုင်း ၊ မာန်အောင် ကျုံလောင်းစသည့် ရွာတို့မှ ဒေသခံများကတိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်လျှက်ရှိသည်။

    အလားတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာကျေးရွာအခြေစိုက်စစ်ကောင်စီတပ်မှ ပြီးခဲ့သည့်မတ်လ ၃၁ရက်နေ့တွင်လက်နက်ကြီးဖြင့်ရမ်းသမ်းမှုရှိခဲ့သည်ဟု ခေါဇာမြို့ခံတို့ထံမှသိရသည်။

    ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့တွင် ရေးမြို့နယ်တောင်ပိုင်းတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတို့က စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်သဖြင့် ပြည်သူများ အသွားအလာသတိပြုကြရန် မွန်ပြည်တော့်လှန်ရေးတပ် MSRF မှ ထုတ်ပြန်ထားသည်။

    ယခုရက်ပိုင်းအတွင်း ရေးမြို့နယ်တောင်ပိုင်းတွင် တော်လှန်းရေးပူးပေါင်းတပ်ဖွဲ့မှ ပြည်သူတို့၏ လုံခြုံရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရန် အသိပေးထုတ်ပြန်လာသည့်အပြင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် မကြာခဏပစ်ခတ်လျှက်ရှိခြင်းကြောင့် တိုက်ပွဲအခြေအနေအတွက် စိုးရိမ်မကင်းဖြစ်နေကြောငး သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts