spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဆီဆိုင်သို့ နေရပ်မပြန်ကြဖို့ PNLA သတိပေး

    ဆီဆိုင်သို့ နေရပ်မပြန်ကြဖို့ PNLA သတိပေး

    -

    ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က နေရပ်ပြန်နိုင်ပြီဟု သတင်းမှားထုတ်လွှင့်မှုများပေါ် ယုံကြည်ပြီး ဒေသခံများ နေရပ်မပြန်ကြရန် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က သတိပေးထုတ်ပြန်ထားသည်။

    စစ်ကောင်စီက ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များမှ ဆီဆိုင်မြို့အတွင်း လုံခြုံရေးလုပ်ငန်းများကို ၃၂ ရက်ကြာ ဆောင်ရွက်ခဲ့ကြောင်း၊ဆေးရုံဝန်ထမ်းအိမ်ရာနှင့် ရဲစခန်း၊ မွေတော်ဘုရားကုန်း၊ စံဖူးကျေးရွာ၊ ကျောက်ကချားနှင့် ဘုရားဖြူလမ်းဆုံတို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

    ထို့နောက် နေရပ်စွန့်ခွာသူများအနေဖြင့် သက်ဆိုင်ရာကျေးရွာများတွင် ပြန်လည်ဝင်ရောက်နေထိင်နေပြီး သက်ဆိုင်ရာဝန်ထမ်းများမှ ရပ်ရွာသန့်ရှင်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး PNLA တာဝန်ရှိသူတစ်ဦးက “ဒါက ကျွန်တော်တို့ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ စစ်ကောင်စီက ဒီလိုမထုတ်ပြန်ခင်ကတည်းက စစ်ဘေးရှောင်တွေကို နေရပ်ပြန်ဖို့ ဖိအားပေးတာ ခြိမ်းခြောက်တာတွေရှိတယ်။ ခြောက်ခေါ်လို့မရတဲ့အခါမှာ ချော့ပြီးခေါ်တဲ့သဘောပေါ့၊ဒါပေမဲ့ ဆီဆိုင်ဟာ စစ်မြေပြင်ဖြစ်နေသေးတဲ့အတွက် နေရပ်မပြန်ကြဖို့အထူးသတိပေးလိုပါတယ် ” ဟု ဆိုသည်။

    စစ်ကောင်စီမှ နေရပ်ပြန်သူများကို မတ် ၂၉ ရက်၌လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ မတ်လ ၂၉ ရက်နေ့တွင် စစ်ကောင်စီသည် လူထုတချို့ကို ပအိုဝ်း၀တ်စုံ ၀တ်ဆင်စေပြီး လူသားဒိုင်းလုပ်ကာ ဆီဆိုင်မြို့တွင်းနေရာအချို့တွင် ဓာတ်ပုံ၀င်ရိုက်ကြသည်ကို တွေ့မြင်ခဲ့ရကြောင်း PNLA က မှ မတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သေးသည်။

    စစ်ကောင်စီတပ်ဝင်ရောက်လာသော်လည်း လူထုကို လူသားဒိုင်းလုပ်ထားသဖြင့် တော်လှန်ရေးအင်အားစုက တိုက်ခိုက်မှုမပြုလုပ်ကြခြင်းဖြစ်ကြောင်း ဆိုသည်။ စစ်ကောင်စီ၏ ဖိတ်ခေါ်မှုကို ညောင်ရွှေမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေရသူ ဆီဆိုင်ဒေသခံတစ်ဦးက အယုံအကြည်မရှိကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ပြောသည်။

    စစ်ကောင်စီ၏ ဝါဒဖြန့်မှုကို ယုံကြည်ပြီး စစ်ဇုန်အတွင်းသို့ ဝင်ရောက်မိပါက စစ်ကောင်စီ၏ လူသားဒိုင်းအဖြစ် အသုံးပြုခြင်းကို ခံရနိုင်ပြီး မလိုလားအပ်သည့် ထိခိုက်မှုများလည်းဖြစ်ပွားနိုင်ကြောင်းPNLA မှ​သတ်ပေးထားသည်။

    ပြီးခဲ့သည့် တစ်လကျော်ကာလအတွင်း ဆီဆိုင်မြို့ကို နေရပ်ပြန်ပစ္စည်းယူဆောင်သူများနှင့် ဖြတ်သန်းသွားလာသူ ၂၀ ကျော် ပျောက်ဆုံးနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံးမှ ထုတ်ပြန်ထားသည်။

    ထို့ပြင် စစ်ကောင်စီမှာဆီဆိုင်အပါအဝင် ပအိုဝ်းဒေသတွင်းရှိ ကျေးရွာများကို နေ့စဥ်နီးပါး လက်နက်ကြီး၊လေကြောင်းနှင့် ဒရုန်းများဖြင့် ဗုံးသီးချတိုက်ခိုက်နေကြောင်း ဆီဆိုင်မြို့ကို နေရပ်မပြန်ကြဖို့ PNLA ၏ ထုတ်ပြန်ချက်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks